အမေဖြစ်သူက စွန့်ပစ်သွားလို့ ညီလေးသုံးယောက်ကိုစောင့်ရှောက်ေ




အမေဖြစ်သူက စွန့်ပစ်သွားလို့ ညီလေးသုံးယောက်ကိုစောင့်ရှောက်ပေးနေရတဲ့ ၁၁နှစ်အရွယ်ကောင်လေးမိခင်မေတ္တာကို စာတွေ၊ ကဗျာတွေစီကာ အမြဲတမ်းဂုဏ်ပြုတတ်ကြပါတယ်။ တကယ်လည်း မေတ္တာတရားကြီးမားတဲ့ မိခင်တွေရှိပေမယ့် တစ်ချို့အမေတွေကတော့ အံ့သြစရာ။ မိဘတွေမရှိရင် သားသမီးတွေဆိုတာလည်းဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မွေးပြီးပစ်ထားခဲ့တာကိုတော့ ကလေးတွေအနေနဲ့ ဘယ်လိုနားလည်ပေးရမှာလဲ ?
Colombia မှာနေထိုင်တဲ့ ၁၁နှစ်ကောင်လေးတစ်ယောက်ဟာ ငယ်စဉ်တည်းက အဖေဆိုတာတောင် မမြင်ဖူးခဲ့ဘူး။ သူနဲ့ နောက်ထပ်ညီလေးသုံးယောက်က အမေနဲ့အတူနေထိုင်ပါတယ်။ တစ်နေ့ သူတို့အိပ်ရာနိုးလာတော့ အမေကိုလုံးဝရှာမတွေ့တော့ဘူး။ သူနဲ့ ညီလေးသုံးယောက်ကို ထားခဲ့ပြီဆိုတာသိလိုက်ရတယ်။ကျောင်းကပြန်လာတာနဲ့ ခြေဦးတည့်ရာလျှောက်သွားပြီး လမ်းမှာ ပိုက်ဆံလိုက်တောင်းပါတယ်။ ဘယ်သူမှ သူ့ကိုမသနားကြဘူး။ လက်ဗလာနဲ့တော့ သူအိမ်ကိုမပြန်ချင်ဘူး။ အိမ်မှာ ဗိုက်ဆာဆာနဲ့စောင့်နေတဲ့ ညီလေးသုံးယောက်အတွက် အမှိုက်တွေထဲက နည်းနည်းကောင်းလောက်သေးတဲ့အစားစာတွေကိုရှာဖွေရပါတယ်။ အိမ်တစ်အိမ်မှာ ကလေးတွေချည်းပဲစုနေရင် ဒုက္ခရောက်မယ်ဆိုပြီး ပတ်ဝန်းကျင်က ရဲတိုင်ကြားခဲ့ပါတယ်။ ရဲတွေကို ကလေးတွေကို မိဘမဲ့ကျောင်းပို့ထားပြီး မိဘရင်းတွေကို ခုထိစုံစမ်းနေဆဲလို့သိရပါတယ်။source – Buzzy
အမေဖြစ်သူက စွန့်ပစ်သွားလို့ ညီလေးသုံးယောက်ကိုစောင့်ရှောက်ေ အမေဖြစ်သူက စွန့်ပစ်သွားလို့ ညီလေးသုံးယောက်ကိုစောင့်ရှောက်ေ Reviewed by ကဲကဲလေး on 7:36 PM Rating: 5

No comments

Recent Posts