ထောင်ဒဏ်(၁၃,၂၇၅)နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ နာမည်ကျော်လူလိမ်တစ်ဦး
ထောင်ဒဏ်(၁၃,၂၇၅)နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ နာမည်ကျော်လူလိမ်တစ်ဦးထိုင်းနိုင်ငံမှာ အဆင့်မြင့်တရားရုံးက နာမည်ကြီးလူလိမ်တစ်ဦးကို ထောင်ဒဏ်နှစ်ပေါင်း (၁၃,၂၇၅)နှစ်အထိ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ လူလိမ်ရဲ့အမည်မှာ Pudit Kittithradilok ဖြစ်ပြီး အသက် (၃၅)နှစ် ရှိပါပြီ။ Pudit ဟာ Ponzi အမည်ရ ဆောက်လုပ်ရေးစံမံကိန်းတစ်ခုကို အများယုံကြည်အောင်ပြောဆိုပြီး ရင်းနှီးမြှုပ်နှံငွေပေါင်း ပေါင်သန်း (၁၂၀)ကို အလွဲသုံးစား ပြူမူခဲ့တယ်လို့ သိရပါတယ်။ဒီအတွက် Pudit ဟာ ထောင်ဒဏ်နှ်စ်ပေါင်း (၁၃,၂၇၅) ကျခံရစေဖို့ အမိန့်ချမှတ်ခဲ့ခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ဖြောင့်ချက်ကြောင့် အယူခံဟာ အောင်မြင်သွားခဲ့လို့ ထောင်ဒဏ်ရဲ့ (၅၀)%ကို လျော့ချခဲ့ကြောင်း၊ ဒါကြောင့် Pudit ဟာ ထောင်ဒဏ်နှစ်ပေါင်း (၆၆၃၇)နှစ်နဲ့ (၆)လသာ ကျခံရတော့မှာဖြစ်ကြောင်း သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့အဆိုအရ Pudit ဟာ လိမ်လည်မှုထောင်ပေါင်းများစွာကို စနစ်တကျ စီမံကိန်းတွေနဲ့ အကွက်ချလိမ်လည်ခဲ့သူဖြစ်ပြီး၊ လိမ်လည်မှုပေါင်း (၂၆၅၃)ကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဆိုပါတယ်။ လူပေါင်း (၄၀၀၀၀) ကျော် အလိမ်ခံခဲ့ရပြီး၊ အားလုံးက ငွေရင်းနှီးမြှုပ်နှံလိုက်တာနဲ့ နောက်ထပ်ကာလအနည်းငယ်အကြာမှာ အမြတ်ငွေတွေ ပြန်ရမယ်လို့ ထင်ခဲ့ကြပါတယ်။ဒါပေမယ့် နောက်ပိုင်းမှာ အမြတ်ငွေမပေါ်ဘဲ ငွေပြန်တောင်းမှုတွေ ရှိခဲ့သလို၊ တရားတဘောင် ရင်ဆိုင်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ပေမယ့် Pudit ကတော့ သူ့ဘက်က မည်သည့်ပြစ်မှုကိုမျှ မပြုလုပ်ခဲ့ကြောင်း ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ငန်းတွေမှာ ပေါင် (၂၆)သန်း အရှုံးပေါ်ခဲ့ကြောင်း စာရင်းပြခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။ပေါင် 12.5 သန်းကိုတော့ ငွေရင်းနီမြှုပ်နှံထားသူတွေကို ပြန်ပေးဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ Pudit ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ လိမ်လည်မှုအတွက် ဖမ်းဆီးခဲ့ရပြီး ထောင်ဒဏ်ကိုလည်း သူ့ကို လက်ရှိချုပ်နှောင်ထားတဲ့ Bangkok Remand Prison မှာသာ ဆက်ပြီးကျခံရမှာဖြစ်ကြောင်း သိရပါတယ်။
SHARE FROM@SHWEMOM
ထောင်ဒဏ်(၁၃,၂၇၅)နှစ်အထိ ချမှတ်ခံခဲ့ရတဲ့ နာမည်ကျော်လူလိမ်တစ်ဦး
Reviewed by ကဲကဲလေး
on
11:57 PM
Rating:

No comments