ပန်းဝင်ခါနီး ဘီးပေါက်သွားတဲ့ ပြိုင်ဘက်စက်ဘီးသမားကိုကျော်တက်ဖို့ ငြင်းဆန်ခဲ့သူ
ပန်းဝင်ခါနီး ဘီးပေါက်သွားတဲ့ ပြိုင်ဘက်စက်ဘီးသမားကိုကျော်တက်ဖို့ ငြင်းဆန်ခဲ့သူ
စပိန်နိုင်ငံ ကန်တာဘရီယာမှာကျင်းပခဲ့တဲ့ စက်ဘီးပြိုင်ပွဲမှာ သြဂတ်စတင်းနာဗာရိုဟာ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ပြီး ပန်းဝင်ခါနီးအချိန်မှာ သူ့ရဲ့ရှေ့မှာရပ်တည်နေတဲ့ပြိုင်ဘက် ဘီးပေါက်သွားတာကိုတွေ့လိုက်ရပါတယ်။ဘီးပေါက်သွားတဲ့စက်ဘီးသမား အစ္စမဲလ်အက်စ်တီဘန်ဟာ သူ့စက်ဘီးကိုပခုံးပေါ်တင်ပြီး ပန်းတိုင်ကိုအပြေးသွားခဲ့တဲ့အချိန်မှာ နာဗာရိုက သူနင်းနေတဲ့အရှိန်ကိုလျှော့ချလိုက်ပြီး ပြိုင်ဘက်ကိုကျော်တက်ဖို့အခွင့်အရေးကို လက်လွှတ်ခံလိုက်ပါတယ်။
သူဟာ နောက်ကနေသာ စက်ဘီးကို ဖြည်းဖြည်းချင်းနင်းခဲ့ပြီး တတိယဆုကို ဘီးပေါက်ခဲ့တဲ့ အက်စ်တီဘန်ကိုပေးအပ်ခဲ့တဲ့အပြင် အက်စ်တီဘန်က အဲဒီဆုကို သူ့ကိုပေးဖို့ ကြိုးစားခဲ့တာကိုလည်းငြင်းဆန်သွားခဲ့ပါတယ်။ပြည်တွင်းသတင်းစာတစ်စောင်ကို သူပြောလိုက်တဲ့စကားလေးကိုပါ ဖြည့်စွက် ဘာသာပြန်ပေးပါရစေရှင်…“ကျွန်တော် ဒီလိုမျိုးကြီးတော့ အနိုင်မလိုချင်ပါဘူးသူ့ကို ပန်းမဝင်ခင် ကျော်တက်လိုက်ရမှာဟာ ကျင့်ဝတ်ဖောက်ဖျက်ရာရောက်ပါတယ်”
Ethics ကျင့်ဝတ်ဆိုတာ သူတို့အရမ်းအလေးထားပါတယ်တန်းစီနေရင် ကျော်တက်ရမှာရှက်တဲ့စိတ်…ရေသာခိုအချောင်လိုက်ရမှာ ရှက်တဲ့စိတ်…တွေ့ရာလမ်းဘေး အမှိုက်ပစ်ရမှာ ရှက်တဲ့စိတ်…ဒါတွေဟာ Ethics ကျင့်ဝတ်ဆိုတာကို ရင်ထဲ နှလုံးထဲ နားလည်လက်ခံနေလို့ Unethical ဖြစ်မှာ ရှက်မိတဲ့စိတ်ကြောင့်ပါတကယ်တော့ ဥပဒေဆိုတာနဲ့ချုပ်ကိုင်ထားလို့ရပါတယ်
ဒါပေမယ့် ဥပဒေက ဒီလို အသေးစိတ်တွေအထိ လိုက်မထုတ်နိုင်ဘူးလေထုတ်လည်းမထုတ်သင့်ပါဘူးထုတ်ခဲ့ရင်လည်း ဥပဒေဆိုတာ ဖောက်ဖျက်ချင်သူတွေအတွက် ယိုပေါက်ကတော့ အနည်းနဲ့အများ ရှိတာပါပဲကျင့်ဝတ် (Ethics) နဲ့ ထိန်းလိုက်ရင်တော့ ကိုယ်ကိုယ်တိုင်ကိုက ကျင့်ဝတ်ဖောက်ဖျက်လိုက်ရမှာ ရှက်တဲ့စိတ်ကြောင့် နိုင်ငံကြီးသားပီသလာကြပါတယ်တိုးတက်နေတဲ့ သူများနိုင်ငံသားတွေရဲ့ ကောင်းတဲ့အကျင့် ကျွန်မတို့ ဘာလို့ မကျင့်သုံးနိုငရမလဲ?
ကျွန်မတို့တတွေလည်း နိုင်ငံကြီးသားပီသအောင် ကျိုးစားကြပါစို့နော်…
ref; Sandakoo&DAM
ပန်းဝင်ခါနီး ဘီးပေါက်သွားတဲ့ ပြိုင်ဘက်စက်ဘီးသမားကိုကျော်တက်ဖို့ ငြင်းဆန်ခဲ့သူ
Reviewed by ကဲကဲလေး
on
8:31 PM
Rating:

No comments