အဖိုးအရင်းက ၁၄ နှစ်အရွယ်မြေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး



အဖိုးအရင်းက ၁၄ နှစ်အရွယ်မြေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး ကလေးတဦးမွေးမှ ရဲကိုတိုင်
ထိုင်းနိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတဦးဟာ အဖိုးအရင်းဖြစ်သူရဲ့ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခံခဲ့ရပြီးနောက်မှာ ကလေးတယောက် မွေးဖွားခဲ့ပါတယ်။လက်ရှိမှာ အသက် ၁၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အွမ်အမည်ရှိ အဲဒီမိန်းကလေးဟာ ဗိုက်နာလို့ ဆေးခန်းလာပြချိန်မှာ ကိုယ်ဝန်ရှိနေမှန်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး သားယောက်ျားလေးတဦးကို မွေးဖွားခဲ့တာလို့ ထိုင်းဘာသာနဲ့ထုတ်ဝေတဲ့ ဒေးလီးနယူးစ် သတင်းမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြပါတယ်။ဆရာဝန်တွေက ကလေးရဲ့ဖခင် ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မေးမြန်းခဲ့ချိန်မှာတော့ ဒီဖြစ်စဉ် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အွမ်ရဲ့ အဖွားဖြစ်သူနဲ့ အဖေဖြစ်သူတို့က နခွန်ရာချာဆီမာရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာပါ။အွမ်ဟာ အဖိုးအဖွားတွေနဲ့ အတူနေထိုင်တာဖြစ်ပြီး အဖိုးဖြစ်သူက စက်ရုံတရုံမှ လုံခြုံရေးဝန်ထမ်းတဦး ဖြစ်ပါတယ်။သူ့ရဲ့အလုပ်ချိန်ဟာ ညပိုင်းမှာဖြစ်လို့ တနေကုန် အိမ်မှာသာရှိနေပြီး အဖွားဖြစ်သူ အပြင်ထွက်ချိန်တွေမှာ အွမ်ကို အဓမ္မပြုကျင့်ကာ တယောက်ယောက်ကိုပြောရင် သတ်ပစ်မယ်လို့ ဓားကိုင်ခြိမ်းခြောက်ပြီး အကြိမ်ကြိမ် ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။မြေးဖြစ်သူ ကလေးမွေးဖွားတဲ့သတင်းကို ကြားခဲ့ရချိန်မှာတော့ အဖိုးဖြစ်သူဟာ မူးမေ့လဲသွားခဲ့ပြီး နောင်ဆွန်ဆေးရုံကို ပို့ဆောင်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။လက်ရှိမှာတော့ ရဲတွေက သူ သတိပြန်ရလာခဲ့ရင် အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
Source – DVB
အဖိုးအရင်းက ၁၄ နှစ်အရွယ်မြေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး အဖိုးအရင်းက ၁၄ နှစ်အရွယ်မြေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး Reviewed by ကဲကဲလေး on 11:58 PM Rating: 5

No comments

Recent Posts