ကျိုင်းတုံ ​ကောင်​မ​လေးအသတ်ခံရမှုနောက်ဆက်တွဲသတင်း . . . .



ကျိုင်းတုံ ​ကောင်​မ​လေးအသတ်ခံရမှုနောက်ဆက်တွဲသတင်း . . . .
ကျိုင်းတုံသတင်း အစစ်​အမှန်​သိချင်​သူများ မီး​လောင်​ခံရသည့်​​ကောင်​မ​လေးအ​ကြောင်း
တရာခံ စိုးလွင်​ ဇနီးသည်​မှာ ဆရာမ တစ်​ဦးဖြစ်​ပါတယ်​.ဆရာမ နဲ့ ​အဲ့​ကောင်​မ​လေး ရင်းနှီးတယ်​လို့ကောင်​မ​လေး အ​ဖေက ​ပြောခဲ့ပါတယ်​. ဆရာမက အဲ့​ကောင်​မ​လေးဆီ ပိုက်​ဆံ ၃ သိန်း​တောင်​​ချေးထားပါတယ်​.ဘာအမျိုးမှ မ​တော်​ပါဘူးလို့လည်းကောင်​မ​လေး အ​ဖေက ​ပြောပါတယ်​. ​ဒီလ​တောင်​ ၅ ​သောင်း​ထပ်​​ချေးပြီး ၂​သောင်းပဲပြန်​ဆပ်​​သေးတယ်​လို့ ​ပြောပါတယ်
အမှု ဖြစ်​​နေစဉ်​ စိုးလွင်​ရဲ့ ဇနီး ဆရာမဟာ မိုင်း​ယောင်း​ရောက်​ရှိ​နေပါတယ်​ ။ ကောင်​မ​လေး ဟာ ​ကျောက်​တိုင်​အနီး ပါဝါ မျက်​မှန်​ဆိုင်​မှာ၁ လ ကို ၁သိန်းခွဲ နဲ့အလုပ်​လုပ်​​နေတာပါ
တရားခံ စိုးလွင်​ဟာ ကြိုတင်​ကြံစည်​ထားခြင်းဖြစ်​ပါတယ်​ ။ စိုးလွင်​ သူ့မိန်းမ ခရီးထွက်​​နေခြင်းကို အခွင့်​​ကောင်းယူခဲ့ပါတယ်​ ။ ဖုန်းဆက်​ကာ ​ကောင်​မ​လေးအားနင့်​ ဆရာ ​နေမ​ကောင်းဖြစ်​​နေတယ်​.လာကြည့်​အုံး ပြီး​တော့ငါးကင်​​လေးပါ ဝယ်​လာခဲ့နှစ်​​ကောင်​ဝယ်​ခဲ့ နင်​စားမယ်​ဆို ၃ ​ကောင်​ ဝယ်​ခဲ့လို့​ပြောပါတယ်​။ငါးကင်​လာပို့ချိန်​မှာ ​ကောင်​မ​လေး၏ သူငယ်​ချင်းလည်း ပါလာပါတယ်​ သူ့ က အိမ်​ပြင်​က​နေ ရပြီဆိုပြီး လှည့်​ပြန်​ပါတယ်​ ။အိမ်​ထဲ​ရောက်​​တော့ ဆရာမကအခန်းထဲမှာဆိုပြီး ​ကောင်​မ​လေးအဝင်​ တံခါးဂျက်​ ကို ထိုးလိုက်​ပါတယ်​ တရားခံစိုးလွင်​ နဲ့ ​နောက်​တစ်​​ယောက်​ နဲ့ အခန်းမှာရှိ​နေပါတယ်​ ။တရားခံစိုးလွင်​က အရင်​ မဒိန်းကျင့်​တယ်​လို့ ရဲစခန်းမှာလည်းဝင်​ခံထားပါတယ်​ ဒါ​ပေမယ့်​သတင်း​တွေထဲမှာ ​ဖျောက်​ထားခြင်းခံရပါတယ်​။တရားခံ စိုးလွင်​ က မဒိန်းကျင့်​တယ်​ ပြီး​တော့ သူ့တပည့်​ကထပ်​ မဒိန်းကျင့်​ခဲ့ပါတယ်​ ။ တရားခံစိုးလွင်​ကို စစ်​​ဆေးရာခန္ဓာကိုယ်​ မှာ ​ကောင်​မ​လေးခါးကို လက်​သည်းကုပ်​ပြီးရုန်းကန်​ထား တဲ့ လက်​သည်းရာကျန်​ရှိ​နေပါတယ်​ ။ ကောင်​မ​လေး ထွက်​​ပြေးမှာဆိုးသဖြင့်​ ဂုတ်​ ကို တုတ်​ဖြင့်​ တစ်​ချက်​ ​ခေါင်းကို တစ်​ချက်​နှစ်​ချက်​ ဒဏ်​ရာ ရထားပုံပဲလို့ ​ပြောပါတယ်
ကောင်​မ​လေးဟာ တရားခံစိုးလွင်​အိမ်​အထဲ က ​သေ​နေပြီ ဖြစ်​ပါတယ်​ ​​ ။ အဲ့ဒါနဲ့ ည ၁၀ နာရီ ဝန်းကျင်​မှာဆိုင်​ကယ်​ဖြင့်​ အ​လောင်းကိုသယ်​သွားပြီး လွယ်​​မွေလမ်းမှာပဲဓာတ်​ဆီ ၂ဂါလံ နဲ့ မီးရှို့ခဲ့ပါတယ်​​လောင်​ပြီးမှ ​ဂျောက်​ ထဲကိုကန်​ချခဲ့ပါတယ်​လို့ ​ပြောပါတယ်​ဖြစ်​ချင်​​တော့ ​ဂျောက်​က နက်​တယ်​ဗျ ​အောက်​ထိ မကျပဲ အ​ပေါ်မှာတင်​ ​နေခဲ့ပါတယ်​ကောင်​မ​လေး၏ ချစ်​သူဟာ ဖုန်းဆက်​ပြီး ဘယ်​သွားစရာရှိလည်း ​မေး​တော့ အဲ့​နေ့မှာ ဆရာမကို ငါးကင်​သွားပို့မယ်​​ပြောပါတယ်​ ။ညကျ​တော့ ထပ်​ဆက်​ပါတယ်​စက်​ပိတ်​ထားလို့​ပြောပါတယ်​နောက်​ရက်​လည်း ထပ်​ဆက်​တယ်​ပိတ်​ထားတယ်​​ပြော​တော့ကောင်​မ​လေး ၏ ချစ်​သူကရဲစခန်းမှာ အမှု ဖွင့်​ခဲ့ပါတယ်​ ။အဲ့အချိန်​မှာ မီး​လောင်​မှု နဲ့ ​တွေ့ခဲ့ရတဲ့ ​ကောင်​မ​လေး၏လက်​စွပ်​ အသဲပုံ​လေးရယ်​ကောင်​​လေးဆီက အသဲပုံ​လေးရယ်​တူ​နေသဖြင့်​ သိလိုက်​ရပါသည်​။ကောင်​​လေး သူ့ချစ်​သူ၏ မိဘလည်းမသိ အိမ်​လည်းမသိသဖြင့်​ facebook မှတ်ပုံတင်​ရာမှ ​ကောင်​မ​လေး မိဘသိခဲ့​ကြောင်းသိရပါတယ်​ ။ တရားခံ စိုးလွင့်​ နှင့်​ သူ့တပည့်​ဟာယိုးဒယား ဆိုင်​ကယ်​ Wave အဖြုကိုပါ ခိုးယူသွားခဲ့ပါတယ်​ ။ တရားခံစိုးလွင်​နဲ့ကြံရာပါ သူတပည့်​ဟာဆိုရင်​..ကြိုတင်​ကြံစည်​မှု..လိမ်​လည်​မှု..မုဒိန်းမှု..ခိုးမှု..အ​လောင်း​ဖျောက်​ဖျက်​မှု ကို စနစ်​တကျ လုပ်​​ဆောင်​ခြင်းဖြစ်​ပါတယ်​ ​သေဒဏ်​​ပေးသင့်​ပါတယ်​လို့ အ​ဖေ ဖြစ်​သူက​ပြောလာပါတယ်​။သမီး အတွက်​ အမှန်​တရားကိုပြောခဲ့တယ်​ ပြီး​တော့ ​မီး​လောင်​​ထား​သော ​ကောင်​မ​လေး၏​ခြေသည်းနီ ခဲ​ရောင်းဆိုးထား​သော ခြေ​ထောက်​​လေး မှာ မီး​လောင်​မှုမရှိခဲ့ပါဘူး။ အ​ဖေ ဖြစ်​သူကငိုပြီး ခု​တော့ အဲ့ လက်​သည်းဆိုး​ဆေးက စာပွဲ​ပေါ်မှာ အဲ့တိုင်း​လေးပဲ စာအုပ်​​လေးကလည်း ဖွင့်​လျှက်​​လေး ဟု ​ပြောပါတယ်​သားသမီး ၅ ​​ယောက်​အနက်​တတိယ သမီးဖြစ်​ပါတယ်​လို့​ပြောပါတယ်။ ၁၀ တန်းတတ်​​နေတာပါတဲ့ အသက်​က​တော့ ၁၈ပါ ။ ဆိုင်​ကယ်​ ဝယ်​​ပေးထားတာ၁ လ ပဲရှိပါ​သေးလို့​ပြောပါတယ်။
အ​ဖေဖြစ်​သူက ​တောင်​ယာလက်​သမား . စစ်​မှုထမ်း​ဟောင်းကြီးဖြစ်​ပါတယ်​ ။ သတင်းအမှန်​ကိုအ​ဖေကိုယ်​တိုင်​ ​ပြောကြားခဲ့ပါတယ်။
credit-Myanmar News Market
ကျိုင်းတုံ ​ကောင်​မ​လေးအသတ်ခံရမှုနောက်ဆက်တွဲသတင်း . . . . ကျိုင်းတုံ ​ကောင်​မ​လေးအသတ်ခံရမှုနောက်ဆက်တွဲသတင်း . . . . Reviewed by ကဲကဲလေး on 6:03 AM Rating: 5

No comments

Recent Posts