New Yearညဆင်နွှဲဖို့ မီယာမီကိုအပန်းဖြေခရီးထွက်လာကြတဲ့ဘက်ခမ်းတို့မိသားစု



New Yearညဆင်နွှဲဖို့ မီယာမီကိုအပန်းဖြေခရီးထွက်လာကြတဲ့ဘက်ခမ်းတို့မိသားစု
မီယာမီမှာ နှစ်သစ်ကူးညဆင်နွှဲမယ့် ဘက်ခမ်းတို့စုံတွဲကို သားသမီးတွေစုံညီစွာနဲ့ မီယာမီကလေဆိပ်မှာတွေ့ရှိရပါတယ်။ အသက်(၁၈)နှစ်ရှိပြီဖြစ်တဲ့ Brooklyn ၊ အသက်(၁၅)နှစ်ရှိတဲ့ Romeo ၊ အသက်(၁၂)နှစ်ရှိတဲ့ Cruz နဲ့ အသက်(၆)နှစ်အရွယ် Harper တို့နဲ့အတူ ဘက်ခမ်းနဲ့ဗစ်တိုးရီးယားတို့ကိုတွေ့ရှိရတာဖြစ်ပါတယ်။ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ အသက်(၄၃)နှစ်အရွယ် ဗစ်တိုးရီးယားဟာ ဂျင်းဘောင်းဘီအောက်အနားခေါက်နဲ့ ဒေါက်မြင့်ဖိနပ်စီးထားပါတယ်။ သူမ၀တ်နေကျပုံစံတွေထဲကဖြစ်တဲ့ အဖြူရောင်တီရှပ်နဲ့အတူ နေဗီပြာဆောင်းတွင်းဝတ်ကုတ်အင်္ကျီိဆိုဒ်ကြီးကိုဝတ်ထားတာကိုတွေ့ရမှာပါ။ ဒီဇိုင်နာပိုက်ဆံအိတ်တစ်လုံးကိုကိုင်ပြီး နေကာမျက်မှန်မျက်မှန်တပ်ထားတဲ့ ဗစ်တိုးရီးယားဟာ လေဆိပ်လုံခြုံရေးတွေနောက်ကနေလမ်းလျှောက်လာတာကို တွေ့ရပါတယ်။ထိုစဉ်မှာ သူမရဲ့ယောက်ျားဖြစ်တဲ့ အသက်(၄၂)နှစ်အရွယ် ဒေးဗစ်ကိုတော့ ဂျင်းဘောင်းဘီကြပ်နဲ့ ဘွတ်ဖိနပ်ဝတ်ဆင်ထားတာကိုတွေ့ရပါတယ်။ မီးခိုးရောင်တီရှပ်နဲ့ အနီရောင်အကွက်ခေါင်းစွပ်ပါကုတ်အင်္ကျီကိုဝတ်ဆင်ထားတဲ့ ဘက်ခမ်းက ကျောပိုးအိတ်တစ်လုံးလဲ လွယ်ထားပါသေးတယ်။ ဘက်ခမ်းဟာ သမီးဖြစ်သူ Harper ကိုလက်ဆွဲပြီး ကားဆီကိုလျှောက်သွားတာတွေ့ရမှာဖြစ်ပါတယ်။တင်းနစ်ဝါသနာပါတဲ့ Romeo ကတော့ တင်းနစ်ရိုက်တံတွေအပြည့်ပါတဲ့ အိတ်ကြီးတစ်လုံးကိုလွယ်ထားပြီး Cruz ကတော့ အ၀ါရောင်ဦးထုပ်နဲ့ပါ။သားအကြီးဆုံးဖြစ်တဲ့ Brooklyn ကတော့ သူ့ညီတွေနဲ့ကွဲပြားစွာပဲ ဦးထုပ်ဆောင်းမလာပါဘူး။ Brooklyn က အနားခေါက်ထားတဲ့ ကာကီရောင်ဘောင်းဘီရှည်နဲ့ ရှပ်အင်္ကျီအစင်းကိုဝတ်ဆင်ထားပြီး အရောင်ဖျော့တဲ့ဂျင်းကိုအပေါ်ထပ်အနေနဲ့ ၀တ်ဆင်ထားပါတယ်။သမီးလေးဖြစ်သူ Harper ကနို့နှစ်ရောင်လက်ရှည်ဝတ်စုံလေးနဲ့ပါ။ ခါးမှာခါးစည်းကြိုးလေးချည်ထားပြီး အနက်ရောင်ဖိနပ်အစွပ်လေးနဲ့ ချစ်စဖွယ်သူမကို ပုံတွေမှာအခုလိုမြင်ရမှာဖြစ်ပါတယ်။ယခုမီယာမီခရီးစဉ်ဟာ ဘက်ခမ်းမိသားစုရဲ့ အင်္ဂလန်နိုင်ငံ Cotswolds မှာ ခရစ်စမတ်ကိုဖြတ်သန်းခဲ့ပြီးနောက် အမေရိကားကိုထွက်လာခဲ့ကြတဲ့ မိသားစုအပန်းဖြေခရီးစဉ်ပဲဖြစ်ပါတယ်။လင်းလင်း(ShweMom)
New Yearညဆင်နွှဲဖို့ မီယာမီကိုအပန်းဖြေခရီးထွက်လာကြတဲ့ဘက်ခမ်းတို့မိသားစု New Yearညဆင်နွှဲဖို့ မီယာမီကိုအပန်းဖြေခရီးထွက်လာကြတဲ့ဘက်ခမ်းတို့မိသားစု Reviewed by ကဲကဲလေး on 6:50 AM Rating: 5

No comments

Recent Posts