မိဘ ၂ ပါးလုံးက ဆွံ့အနားမကြားဖြစ်ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်



မိဘ ၂ ပါးလုံးက ဆွံ့အနားမကြားဖြစ်ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ်
နိုင်ငံခြားမှာဆိုရင် တခြားနိုင်ငံကလူတွေ သူဌေးဖြစ်နေတာများစွာရှိပါတယ်။ ဒါဟာ ကိုယ့်အပေါ်မှာပဲမူတည်နေတဲ့ ကိစ္စမို့လို့တားဆီးလို့ရမယ့်အရာတွေလည်းမဟုတ်ပါဘူးလေ။ဒီတစ်ခေါက်ဆိုလည်း Akshay Ruparelia ဆိုတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်လေးဟာ အိန္ဒိယနိုင်ငံကို Proud ဖြစ်နိုင်ခဲ့ပါပြီ။ သူရဲ့ မိဘ ၂ ယောက်စလုံးကတော့ ဆွံ့အ နာမကြားသူတွေဖြစ်ပြီး အဖေကတော့ အမေကတော့ ဆွံ့အနားမကြားကျောင်းမှာ ဆရာမ အဖြစ် အလုပ်လုပ်နေတဲ့ အချိန်မှာ သူရဲ့ အဖေကတော့ အိမ်မှာသာ နေရတယ်လို့သိရပါတယ်။UK မှာဆိုလည်း အိမ်ခြံမြေပွဲစား လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေထဲမှာ သူဟာ အအောင်မြင်ဆုံး သူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာပေါ်မှာ သူဟာ doorsteps.co.uk ဆိုတဲ့ Website တစ်ခုကို လုပ်ဆောင်ခဲ့ပြီး အဲကနေတဆင့် သူရဲ့ လုပ်ငန်းဟာ လူသိများလာပြီး အောင်မြင်မှုများစွာရရှိလာခဲ့ပါတယ်။ သူ့ရဲ့ ပထမဦးဆုံး ဈေးနှုန်းညှိနှိုင်းပေးနိုင်ခဲတာကတော့ ၉၉ ပေါင် သာဖြစ်ပါတယ်။ ဒါက သူကျောင်းတက်ရင်းနဲ့လည်း အလုပ်လုပ်ခဲ့တယ်လို့သိရပါတယ်အဲကနေတဆင့် သူများသထက်များလာအောင် သူဈေးနှုန်းတွေ ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပြီး နောက်ဆုံး ၆၇၀၀၀၀ ပေါင်ထိ သူရရှိလာပါတယ်။ ဒါကို သူ့ရဲ့ အောင်မြင်တခုအနေနဲ့သတ်မှတ်ပြီး သူ့ကိုသူ Appreciation လုပ်တဲ့အနေနဲ့ အိမ်မှာသာ Domino’s pizza ကို သုံးဆောင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲအချိန်တုန်းက သူ့မှာ အရေးကြီးတဲ့ စာမေးပွဲတွေရှိနေလို့ပဲဖြစ်ပါတယ်။အချိန်တွေကြာလာသည်နှင့်အမျှ Akshay Ruparelia ရဲ့ လုပ်ငန်းဟာ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးအောင်မြင်လာပါတယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ ဈေးအများဆုံး အရောင်းအဝယ်ကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့တာကတော့ ပေါင် ၁.၄ သန်းထိဖြစ်လာခဲ့ပါတယ်။Akshay Ruparelia ရဲ့ ပြောကြားချက်အရ သူ့ရဲ့ Inspired ဖြစ်တဲ့ သူကတော့ Michael O’Leary ပဲဖြစ်ပါတယ်တဲ့။ မဖြစ်နိုင်တာမရှိဘူး မဖြစ်သေးတာပဲ ရှိတယ် ဆိုတဲ့ အတိုင်း ကျွန်တော်တို့ လူငယ်တွေလည်း အောင်မြင်မှုပန်းတိုင်ကို ကိုယ်လိုချင်သလောက်ရယူနိုင်ခုကတည်းက ကြိုးစားလည်း မနှောင့်နှေးသေးပါဘူးနော်။
Source -we.com.mm
မိဘ ၂ ပါးလုံးက ဆွံ့အနားမကြားဖြစ်ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ် မိဘ ၂ ပါးလုံးက ဆွံ့အနားမကြားဖြစ်ပေမယ့် သန်းကြွယ်သူဌေးဖြစ်လာတဲ့ အသက် ၁၉ နှစ်အရွယ်လူငယ် Reviewed by ကဲကဲလေး on 7:23 AM Rating: 5

No comments

Recent Posts