ပိုင်ဆိုင်သမျှပစ္စည်းတွေကိုရောင်းချပြီးကလေးတွေကိုကျောင်းထုတ်ကာကမ္ဘာတစ်လွှား



ပိုင်ဆိုင်သမျှပစ္စည်းတွေကိုရောင်းချပြီးကလေးတွေကိုကျောင်းထုတ်ကာကမ္ဘာတစ်လွှားလည်ပတ်ခဲ့တဲ့မိဘများအင်္ဂလန်နိုင်ငံ Hertfordshire က စုံတွဲတစ်တွဲဟာ ပိုင်ဆိုင်သမျှပစ္စည်းတွေကိုရောင်းချပြီး ကလေးတွေကိုကျောင်းထုတ်ကာ ကမ္ဘာတစ်လွှားလည်ပတ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါစုံတွဲဟာ Donna နဲ့ Chris Jackson အမည်ရပါတယ်။ စိတ်ဖိစီးမှုတွေများတဲ့သူတို့ရဲ့အလုပ်အကိုင်တွေကြောင့် သားသမီးတွေကိုအချိန်မပေးနိုင်မှာစိုးရိမ်လာတာကြောင့် ယခုကဲ့သို့ခရီးထွက်ဖို့စဉ်းစားရကြောင်း သိရှိရပါတယ်။သမီးနှစ်ယောက်ဖြစ်တဲ့ အသက်(၈)နှစ်အရွယ် Ellie နဲ့ အသက်(၆)နှစ်အရွယ် Miley တို့ကိုခေါ်ဆောင်ကာ တစ်ယောက်စီကို လက်ဆွဲသေတ္တာတစ်လုံးစီသာသယ်ဆောင်ပြီး ခရီးထွက်လာကြတာပါ။ ဇူလိုင်လကတည်းက ခရီးထွက်လာခဲ့ကြရာမှာ ယခုဆိုရင် သူတို့မိသားစုဟာနိုင်ငံပေါင်း (၅)နိုင်ငံကိုလည်ပတ်ပြီးစီးခဲ့ပါပြီ။ အဆိုပါစုံတွဲဟာ Instagram မှာ fan (၁)သိန်းကျော်ရှိပြီး သူတို့ရဲ့ခရီးအတွေ့အကြုံတွေကို မျှဝေထားပါသေးတယ်။အသက်(၃၅)နှစ်ရှိပြီဖြစ်တဲ့ ဆေးဘက်ဆိုင်ရာအကူဟောင်းဖြစ်သူ Chris ကတော့ သူ့သမီးတွေဟာ ကျောင်းမှာစာသင်ရတာထက် ပိုပြီး လေ့လာနိုင်ခဲ့ကြကြောင်း ဆိုပါတယ်။ Costa Rica သွားတုန်းကလည်း ကလေးတွေက မီးတောင်ရှင်တွေကိုမျက်မြင်ကိုယ်တွေ့လေ့လာနိုင်ခဲ့ကြကြောင်း Mirror Online ကိုပြောပြခဲ့ပါတယ်။
ကလေးတွေရဲ့မိခင် Donna ကတော့ လူတွေက အချိန်ရှိတုန်း ကိုယ်လုပ်ချင်တဲ့အရာကိုမလုပ်ခဲ့ကြပဲ အသက်ကြီးလာတဲ့အခါကျမှသာ စားမြုံ့ပြန်ကာနောင်တရနေတတ်လေ့ရှိကြောင်း ဆိုပါတယ်။ ကလေးတွေအနေနဲ့ အချိန်ပေါင်းများစွာကြာအောင် iPad တွေသုံးနေခိုင်းမယ့်အစား သူတို့သိသင့်တဲ့အရာတွေကို သင်ကြားပေးတာဖြစ်ကြောင်း သူမကပြောပြပါတယ်။
သူတို့မိသားစုဟာ Las Vegas အပါအ၀င် Salt Lake City ၊ Utah ၊ Florida ၊ Philadelphia နဲ့ New York စသဖြင့် အမေရိကန်နိုင်ငံတလွှားကို ရောက်ခဲ့ပြီးပါပြီ။ လတ်တလောမှာတော့ သူတို့မိသားစုဟာ Canada ကိုရောက်လျက်ရှိနေကြပါတယ်။Chris ဟာမိသားစုဗီဒီယိုတွေကို YouTube မှာပုံမှန်တင်လေ့ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ သူတို့မိသားစုဟာ နောက်လမှာတော့ အင်္ဂလန်ကိုပြန်လာမယ်လို့သိရပြီး နောက်တဖန် ခရီးထွက်ဖို့ပြင်ဆင်မှာဖြစ်ကြောင်းသိရပါတယ်။ ဇွန်လသွားမယ့် ဒုတိယခရီးစဉ်ကတော့ (၁)နှစ်တာကြာမှာဖြစ်ပြီး ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ်ပြည်တို့ကိုသွားရောက်လည်ပတ်မယ်လို့ဆိုပါတယ်။
from@shwemom
ပိုင်ဆိုင်သမျှပစ္စည်းတွေကိုရောင်းချပြီးကလေးတွေကိုကျောင်းထုတ်ကာကမ္ဘာတစ်လွှား ပိုင်ဆိုင်သမျှပစ္စည်းတွေကိုရောင်းချပြီးကလေးတွေကိုကျောင်းထုတ်ကာကမ္ဘာတစ်လွှား Reviewed by ကဲကဲလေး on 7:59 PM Rating: 5

No comments

Recent Posts