နှစ် (၃၀) လုံးလုံး ဟော်တယ်ထဲနေပြီး အတွဲချောင်းလာတဲ့ အမျိုးသား
နှစ် (၃၀) လုံးလုံး ဟော်တယ်ထဲနေပြီး အတွဲချောင်းလာတဲ့ အမျိုးသား
ဝါသနာကြီးချက်Gerald Foos ဆိုတဲ့ အမျိုးသားဟာ Colorado မှာ နေထိုင်ပြီး သူဟာ ဟော်တယ်အပိုင်တစ်လုံးရှိသူဖြစ်ပါတယ်။ဒီဟော်တယ်နာမည်ကတော့ The Manor House Hotel ပဲဖြစ်ပါတယ်။သူဟာ ဟော်တယ်ပိုင်ရှင်ဖြစ်ပေမယ့် စုံတွဲတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ ဝင်ရောက်ပါဝင်ခဲ့တာဖြစ်ပါတယ်။1966 ခုနှစ်ကနေ စပြီး Gerald Foos ဟာ သူ့ဟော်တယ်ကို လာတည်းသမျှ အမျိုးသမီးတွေနဲ့ စုံတွဲတွေရဲ့ အခန်းကို နှစ် 30 တိတိ ချောင်းကြည့်ခဲ့တဲ့ ချောင်းကြည့်ဆုံး လူသားဖြစ်ပါတယ်။သူဟာ အခန်းတွေတိုင်းမှာ လျှို့ဝှက်အပေါက်တွေ ဖောက်ပြီး လုံခြုံတဲ့ နေရာကနေ ချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။သူဟာ မိန်းမရပြီးချိန်ထိ ဒီလို အလုပ်ကို လုပ်နေတာဖြစ်ပါတယ်။နောက်တော့ သူ့မိန်းမကိုပါ ခေါ်ပြပြီး ချောင်းကြည့်သူဟာ နှစ်ယောက်ဖြစ်သွားပါတယ်။သူတို့ဟာ တချို့စုံတွဲတွေရဲ့ အပြုအမူကို သရော်တာ ရယ်ပွဲဖွဲ့တာမျိုးလုပ်ပြီး ချောင်းကြည့်တဲ့ ကိစ္စကို ပုံမှန်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် သူ့မိန်းမဟာ ကြာကြာမခံပဲ နာတာရှည်ရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။နောက်တော့ သူဟာ နောက်ထပ်အိမ် ထောင်ထပ်ပြုလိုက်ပြီး အဲဒီဇနီးကိုလဲ မယားကြီးလို စည်းရုံးပြီး အတူတူချောင်းကြည့်ခဲ့တာဖြစ်ပါတယ်။1980 ခုနှစ်မှာတော့ နယူးယောက်သားတစ်ဦးဖြစ်တဲ့ Gay Talese ဆိုတဲ့ ဇာတ်ကောင်ကို ဖန်ဆင်းပြီး သူချောင်းကြည့်ခဲ့တဲ့ အတွေ့အကြုံတွေအားလုံးကို ပြည်သူကို ပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ်။အဲဒီလထဲမှာပဲ သူ့ဇာတ်ကောင်နဲ့ ဇာတ်ကွက်နဲ့ သူချောင်းကြည့်ခြ့တြံ အတွေ့အကြုံတွေကို ပေါင်းပြီး စာရေးခဲ့တာဖြစ်ပြီး New Yorker Magazine မှာ ပါဝင်လာပါတယ်။သူဟာ ချောင်းကြည့်ခြင်းကိစ္စကို တော်တော်ငယ်တဲ့အချိန်ထဲက လုပ်ခဲ့တာလို့ ဆိုပါတယ်။သူ့အဒေါ်နဲ့ ဦးလေးအတူနေတဲ့ အချိန်တွေမှာ သွားချောင်းကြည့်ရာက ဒီအကျင့်က ပြင်မရဖြစ်သွားတယ်လို့ ဆိုပါတယ်။ဒီလို ချောင်းကြည့်နိုင်ဖို့ တချို့သော မျက်နှာကျက်တွေကို အတုတပ်ဆင်တာ တဖက်ကကြည့်ရင် မြင်ရတာတွေအတွက် သူဟာ ငွေတော်တော်သုံးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ ဒါကို အခန်းဆက်ရေးခဲ့တာဖြစ်ပြီး အိမ်နီးချင်းရဲ့ ဇနီးတို့ဘာတို့ကအစ ဖန်တီးခဲ့တာဖြစ်ပါတယ်။သူဟာ ဒီလို ချောင်းကြည့်မှုတွေ လုပ်ပြီး အိမ်ထောင်မှရိခင်က တကိုယ်ရည်အာသာဖြေတတ်ပြီး သူကြည့်ခဲ့တဲ့ အကြောင်းကိုလဲ ပြန်လည်မှတ်တမ်းတင်ပြီး ရေးလေ့ရှိပါတယ်။15 နှစ်ကျော်ချောင်းကြည့်ပြီးမှ သိလာတာက တချို့က လက်တွေ့ဆန်ပြီး နူးညံ့ငြင်သာမှုကို မကြိုက်ပဲ အမြဲတမ်းလော်ဆောနေတာဖြစ်ပါတယ်။တကယ်တော့ သမီးရည်းစားဆိုရင် င်ြသာတဲ့ အထိအတွေ့နဲ့ နူးညံ့တဲံ ကိုင်တွယ်ပွတ်သပ်မှုတွေ ရှိရမယ်လို့ ထင်ခဲ့တာ မှားမှန်းသိတော့တယ်လို့ ရေးထားပါတယ်။Foos ဟာ သူ့ကို စာအုပ်တွေကသာ ဘဝကိုတည့်မတ်ပေးတာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။သူဟာ ဒီလိုချောင်းကြည့်တာမကောင်းမှန်းသိလို့ သူ့ရဲ့ လုပ်ရပ်ကို စာအုပ်ထဲကနေ တောင်းပန်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ဒီလို ချောင်ကြည့်သူ့စာအုပ်ကို ပြန်ရေးတာ သူ ရိုးသားချင်လို့ပဲလို့ ဆိုပါတယ်။တကယ်တော့ အဲ့စာအုပ်ထွက်တဲ့အခါမှာ သူ့ကို ရဲတွေက အမှုတွေများစွာတပ်ပြီး ဖမ်းဆီးဖို့ လုပ်ခဲ့ပါတယ်။ဒါပေမယ့် သူတစ်ဦးထဲသာ ကြည့်ခဲ့ပြီး အများကို ပြန်လည်ဝေငှဖို့အတွက် ကင်မရာမှတ်တမ်းမထားရှိခြင်းကြောင့် သူဟာ အပြစ်က လွတ်ခဲ့ပါတယ်။သူဟာ အပိုင်း 296 ပိုင်းပါတဲ့ စာတိုတွေ ရေးခဲ့တာဖြစ်ပြီး 195 ပိုင်းလောက်ဟာ မူမမှန်တဲ့ အပြူအမူတွေနဲ့ ဆက်ဆံသူတွေရဲ့အကြောင်းပါတာဖြစ်ပါတယ်။62 %လောက်က မြန်မြန်ဆန်ဆန်နဲ့ ကြမ်းကြမ်းရမ်းရမ်း ပွဲသိမ်းလေ့ရှိတယ်လို့ သူက ဆိုပါတယ်။12 %လောက်ကသာ ထူးခြားပြီး အချိန်ကြာကြာနဲ့ မပြီးနိုင်မစီးနိုင်ပြုနောဖြစ်ပါတယ်။22% ကတော့ စတင်လိုက်ပြီးမှ ဖြစ်မလာတော့တဲ့ စုံတွဲတွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
Credit: Cancantwait2say
နှစ် (၃၀) လုံးလုံး ဟော်တယ်ထဲနေပြီး အတွဲချောင်းလာတဲ့ အမျိုးသား
Reviewed by ကဲကဲလေး
on
11:53 PM
Rating:

No comments