ရုရှား နိုင်ငံထုတ် တစ်စင်းလျှင် ဒေါ်လာသန်း ၅၀ ခန့်တန် အဆင့်မြင့် တိုက်လေယာဉ်



ရုရှား နိုင်ငံထုတ် တစ်စင်းလျှင် ဒေါ်လာသန်း ၅၀ ခန့်တန် အဆင့်မြင့် တိုက်လေယာဉ် ၆ စင်း  မြန်မာဝယ်ယူမည်အပြည့်အစုံဖတ်ရန်နှိပ်ပါရုရှား နိုင်ငံထုတ် အဆင့်မြင့် တိုက်လေယာဉ်ဖြစ်သည့် တစ်စင်းလျှင် ပျမ်းမျှ သန်း ၅၀ ခန့် တန်ဖိုးရှိသည့် Su-30 တိုက်လေယာဉ် ၆ စင်းကို မြန်မာနိုင်ငံက ဝယ်ယူမည်ဟု ရုရှား ကာကွယ်ရေး ဝန်ကြီး ကြည်းတပ်ဗိုလ်ချုပ်ကြီး ဆာဂျီဆိုဂူး၏ မြန်မာနိုင်ငံခရီးစဉ်ကာလတွင်း သဘောတူညီခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ရုရှားနိုင်ငံထုတ် လက်နက်များနှင့် စစ်ယန္တရားများကို မြန်မာနိုင်ငံက တက်ကြွစွာ ဝယ်ယူလျက်ရှိပြီး Su-30 တိုက်လေယာဉ်များ ဝယ်ယူမည့် သတင်းကို ရုရှားကာကွယ်ရေး ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး အလန်ဇန်းဒါး ဖိုနင်က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။မြန်မာနိုင်ငံ၏ နယ်မြေ တည်မြဲအောင် ကာကွယ်ရေးနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ တွန်းလှန်ရေးတွင် Su-30 စစ်လေယာဉ်သည် အဓိက တိုက်လေယာဉ် အမျိုးအစား တစ်ခုဖြစ်လာလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားထားသည်။အဆိုပါ တိုက်လေယာဉ် အမျိုးအစားသည် ရုရှား လေတပ်၏ အဓိက တိုက်လေယာဉ်အမျိုးအစားဖြစ်ကာ ကမ္ဘာ့အဆင့် တိုက်လေယာဉ် တစ်စင်းဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနတွင် ရေးသားထားသည်။Su-30 တိုက်လေယာဉ်သည် နှစ်ယောက်စီး တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး လေကြောင်းအကဲသာရေး တာဝန်ထမ်းဆောင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ကာ မြေပြင်နှင့် ရေပြင် ပစ်မှတ်များကို ပဲ့ထိန်း သို့ မဟုတ် ပဲ့ထိန်းမဲ့ လက်နက်များဖြင့် ပစ်ခတ်နိုင်ကြောင်း ဆူခွိုင်းကုမ္ပဏီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ လေယာဉ်တစ်စင်း၏ ပျမ်းမျှ တန်ဖိုးသည် ဒေါ်လာ သန်း ၅၀ ကျော် ထိရှိပြီး ကီလိုမီတာ ၃၀၀၀ အကွာအဝေးထိ ပျံသန်းစစ်ဆင်နိုင်ကာ လက်ရှိတွင် ရုရှား၊ အယ်ဂျီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ မလေးရှား၊ ယူဂန်ဒါ၊ ဗင်နီဇွဲလားနှင့် ဗီယက်နမ် လေတပ်တို့ တွင် အသုံးပြုလျက်ရှိသည်။Source – TheVoice
ရုရှား နိုင်ငံထုတ် တစ်စင်းလျှင် ဒေါ်လာသန်း ၅၀ ခန့်တန် အဆင့်မြင့် တိုက်လေယာဉ် ရုရှား နိုင်ငံထုတ် တစ်စင်းလျှင် ဒေါ်လာသန်း ၅၀ ခန့်တန် အဆင့်မြင့် တိုက်လေယာဉ် Reviewed by ကဲကဲလေး on 4:39 AM Rating: 5

No comments

Recent Posts