မ်ာဒယ်တစ်ဦးဖမ်းခံရအသားဖြူခရင်မ်ကို တင်ပါးမှာလိ
မ်ာဒယ်တစ်ဦးဖမ်းခံရအသားဖြူခရင်မ်ကို တင်ပါးမှာလိမ်းပြပြီး ကြော်ငြာပြခဲ့လို့ ထိုင်းမော်ဒယ်တစ်ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရပါတယ်။ အလှကုန်ပစ္စည်း ထုတ်လုပ်ရောင်းချမှုတွေမှာ ထိပ်တန်းဈေးကွက်တစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် အနုပညာရှင်တွေက အလှကုန် ပစ္စည်းကြော်ငြာ ပေးခြင်းကနေ အနုပညာကြေး များစွာရှာဖွေ နိုင်တာဖြစ်ပါတယ်။အလှကုန်ပစ္စည်းတွေရဲ့ ရောင်းအားကောင်းဖို့နဲ့ လူအများစိတ်ဝင်စားလာဖို့ အတွက်ဆိုပြီးတော့ အနု ပညာရှင်၊ သရုပ်ဆောင်တွေက လက်တွေ့ကျနတဲ့ ကြော်ငြာပစ္စည်းအသုံးပြုမှုတွေ သရုပ်ဆောင်ပြီး တော့ ဈေးကွက်ထိုးဖောက်ဖို့ ကြိုးစားလာကြတာပဲ ဖြစ်ပါတယ်။ အခုလည်း အသက် ၂၅ နှစ်အရွယ် သရုပ်ဆောင် မော်ဒယ်တစ်ဦးက သူမရဲ့ ပေါင်အတွင်းသား တင်ပါးတွေလှန်ပြီးတော့ အသားဖြူအလှ ကုန်ပစ္စည်းသစ်ကို ကြော်ငြာပေးကာ အင်တာနက်စာမျက်နှာပေါ် ကြည့်ရှုသူတွေများပြားခဲ့ကာ ပျံ့နှံ့ သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကို ထိုင်းအာဏာပိုင်တွေက မြင်တွေ့သိရှိသွားပြီးတော့ နစ်တာခရမ်နမ်သာဆောင်တီပတ်ရဲ့ သရုပ်ဆောင်အပြုအမူတွေဟာဆိုရင် အများပြည်သူလူအများကြား အမြင်မသင့်တော်တဲ့ရှက်ရွံ့ဖွယ် အပြုအမူ မမူအရာတွေဖြစ်ကြောင်းဆိုကာ အစားအသောက်နဲ့လူသုံးကုန် ပစ္စည်း တားမြစ်ကန့်သတ်မှုဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် သူမဟာဆိုရင် ယခင်တုန်းကလည်း အမျိုးသမီးအင်္ဂါကျဉ်းဆေး ဆပ်ပြာ၊ အသားဖြူခရင်မ်နဲ့ တခြားသော အများပြည်သူအမြင် မသင့် တော်တဲ့ စီးပွားရေးကြော်ငြာတွေ လက်ခံရိုက်ကူးခဲ့သေး တယ်လို့ သိရပါတယ်။ ဒီ့အတွက်ကြောင့် သူမကိုထောင်ဒဏ်တစ်နှစ်နဲ့ ထိုင်းဘတ်ငွေ တစ်သိန်း ပြစ်ဒဏ်သတ်မှတ်လိုက်တယ်လို့သိရပါတယ်။
မေ(ရွှေအင်းလေး)
မ်ာဒယ်တစ်ဦးဖမ်းခံရအသားဖြူခရင်မ်ကို တင်ပါးမှာလိ
Reviewed by ကဲကဲလေး
on
8:51 AM
Rating:

No comments