စည်သူ ပလပ်ကျွတ်နဲ့တွဲပြီး ကြော်ငြာအလန်းစား ရိုက်ခဲ့တဲ့ ဖြူဖြူေ



စည်သူ ပလပ်ကျွတ်နဲ့တွဲပြီး ကြော်ငြာအလန်းစား ရိုက်ခဲ့တဲ့ ဖြူဖြူထွေး
ဟာသသရုပ်ဆောင် ဖြူဖြူထွေးတစ်ယောက်ကတော့ ဒီနေ့ သရုပ်ဆောင် စည်သူပလက်ကျွတ်နဲ့ တွဲပြီး ကြော်ငြာအလန်းစားတစ်ခု ရိုက်ထားတယ်လို့ သိရပါတယ်။ဖေ့စ်ဘွက်မှာ ဟာသဗွီဒီယိုဖိုင်တွေတင်ပြီး နာမည်ကြီးလာတဲ့ ဖြူဖြူထွေးက အောင်မြင်တဲ့နောက်ပိုင်း ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းမှုတွေ အဆက်မပြတ်ရရှိလာတာ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ဖို့ထိပါ ကမ်းလှမ်းမှုတွေ ရထားပါတယ်။



ဒီနေ့ (ဇန်နဝါရီလ ၃ ရက်) မှာတော့ စမတ်ကျကျဝတ်စားထားတာ တွေ့ရပြီး သရုပ်ဆောင် စည်သူပလက်ကျွတ်နဲ့တွဲပြီး ကြော်ငြာတစ်ခု ရိုက်လိုက်တာ ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းတစ်ခုရဲ့ ကြော်ငြာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးကတော့ မဝတ်စဖူး စကတ်အလန်းလေး ဝတ်ထားတာ တွေ့လာရပါတယ်။



ဖြူဖြူထွေးက ဖေ့စ်ဘွက်မှာ ဝေဖန်မှု၊ ချီးကျူးမှုတွေကြားက အောင်မြင်လာပြီး လူစိတ်ဝင်စားမှု ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ခုချိန်ထိလည်း သူမ တင်လိုက်တဲ့ ပို့စ်တွေကို လူပေါင်း သိန်းချီ စောင့်ကြည့်နေကြပါတယ်။Photos©Phyu Phyu HtwePannPwint









စည်သူ ပလပ်ကျွတ်နဲ့တွဲပြီး ကြော်ငြာအလန်းစား ရိုက်ခဲ့တဲ့ ဖြူဖြူေ စည်သူ ပလပ်ကျွတ်နဲ့တွဲပြီး ကြော်ငြာအလန်းစား ရိုက်ခဲ့တဲ့ ဖြူဖြူေ Reviewed by ကဲကဲလေး on 7:16 AM Rating: 5

No comments

Recent Posts