ညီလေးရေးမင်းရဲ့ ဘ၀ဆက်တိုင်းအခုလို အဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရပါေ
ညီလေးရေးမင်းရဲ့ ဘ၀ဆက်တိုင်းအခုလို အဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရပါစေနဲ့လို့ဆုတောင်းပေးလိုက်ပါတယ်ကွာလွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းက လူမှုကွန်ရက်ပေါ် ပြန့်နှံခဲ့တဲ့ ဖရဲသီးရောင်းသူ သန်လျင်မြို့ အေးမေတ္တာရပ်ကွက်နေ မောင်မျိုးမင်းဦး(ခ) ၀က်ကြီး ကို သန်လျင် အမိုးနီသုဿန် မှာဒီကနေ့ နေ့လည်ပိုင်းကသဂြိုလ်လိုက်ပါပြီ။သူဟာ ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီးသတ်သေခဲ့တာဖြစ်ပါတယ်။ သူဟာ သေဆုံးချိန်မှာအသက်၂၂နှစ် အရွယ်သာရှိသေးပြီး၊မွေးရာပါ သူငယ်နာအကြောတင်း ဝေဒနာရှင်တစ်ဦးဖြစ်တယ်လို့ သူ့ရဲ့ ဖခင်ကပြောပါတယ်။
အေးမေတ္တာရပ်ကွက်မှ ရာအိမ်မှူး ဦးမြင့်ကျော်က “ဖေ့ဘုတ်ပေါ်မှာ သူ ဖရဲသီးစိတ်တွေပြုတ်ကျတဲ့ ဗီဒီယိုဖိုင်တွေတက်လာတယ်။ ဟိုကပြောဒီကပြောနဲ့ ဆိုတော့ ဖေ့ဘုတ်အကောင့်ကို ဖွင့်ခိုင်းပြီး တွေ့ရာလူကို စာဖတ်ခိုင်းတယ်။ သူကစာမတတ်ဘူး၊ ဖတ်တတ်တဲ့သူက ဖတ်ပြတော့ ရှက်လို့ငိုတယ်။ နောက်တော့ ခုလိုဆွဲကြိုးချ သတ်သေသွားတာပဲ။ သူက ကျွန်တော်သိရသလောက် တွေ့ရသလောက် လိမ်ညာစားတဲ့သူမဟုတ်ပါဘူး၊ကလေးလည်းချစ်တတ်တယ်။လူကြီးတွေကိုလည်း သိတတ်တယ်၊ခု ကျတော့ဗျာ လူတစ်ယောက်သေသွားပြီ”လို့ ပြောပါတယ်။
သူဟာ ရန်ကုန်မြို့ပေါ် တက်ပြီး ဖရဲသီးရောင်းချနေတာ ၄၊ ၅ နှစ် လောက်ရှိနေပြီး၊မိဘကိုလုပ်ကျွေးနေသူတစ်ဦးဖြစ်တယ်လို့ ဖခင်ကဆိုပါတယ်။မောင်မျိုးမင်းဦး(ခ) ၀က်ကြီး ရဲ့ဈပနာကိုလိုက်ပို့သူဟာ ထင်တာထက်များနေတယ်လို့ တစ်ရပ်ကွက်ထဲနေသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။
ဝက်ကြီးလို့ ရပ်ကွက်နေသူတို့ ချစ်စနိုးခေါ်ကြတဲ့ မောင်မျိုးမင်းဦးဟာ အိမ်ထောင်သည်တစ်ဦးလည်း ဖြစ်ပါတယ်။နာရေးလိုက်ပါပို့ဆောင်တဲ့ မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ဝက်ကြီးဟာ ကြီးမားတဲ့ရာဇဝတ်မှုကျူးလွန်သူမဟုတ်ဘူး၊ ခိုးသူလည်းမဟုတ်ဘူး၊ လုသူလည်းမဟုတ်ဘူး။ ဒါပေမယ့် သူ့မှာ ပြုပြင်စရာ တစ်စုံတစ်ခုရှိနေတယ်ဆိုလို့ရှိရင်တောင် သူ့ကို ခုလိုမျိုးအပြစ်သားတစ်ယောက်လို ရှုံချနေကြတာထက် လမ်းမှန်ရောက်အောင်တည့်ပေးကြဖို့ ကောင်းတယ်”လို့ ပြောပါတယ်။“မိသားစုတွေ ရှိတယ်ဗျ၊နောက်ပြီး အဲသလိုဝေဒနာရှင်မျိုးဟာ လက်မမြဲဘူး။ ဘာကိုင်ကိုင်ပြုတ်ကျတတ်တယ်”လို့လဲ သူကဆက်ပြောပါတယ်။PNewsPopular New Journal
ညီလေးရေးမင်းရဲ့ ဘ၀ဆက်တိုင်းအခုလို အဖြစ်ဆိုးတွေနဲ့ မကြုံတွေ့ရပါေ
Reviewed by ကဲကဲလေး
on
2:13 AM
Rating:

No comments