အရက်သမားကာရိုက်တာပီပြင်အောင် ကြိုးစားခဲ့တဲ့ နေမျိုးအောင်ရှက်ကီချလွန်းအားကြီး




အရက်သမားကာရိုက်တာပီပြင်အောင် ကြိုးစားခဲ့တဲ့ နေမျိုးအောင်ရှက်ကီချလွန်းအားကြီးလို့ မျက်နှာကြီးကွဲပြီး ရှောခါနီးအဆင့်ထိ။အရက်ကိုကျွမ်းဝင်နေပြီဖြစ်တဲ့ အရက်သမားတစ်ယောက်ရဲ့ ကာရိုက်တာကို သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီး ထဲကနေတဆင့်ပရိသတ် အတွက် အပီပြင်ဆုံး သရုပ်ဆောင်နိုင်ခဲ့တဲ့ နေမျိုးအောင်ကတော့ ဒီဇာတ်ရုပ်အတွက် ပြင်ဆင်ဖြစ်ခဲ့တဲ့ အမှတ်တရတွေကို အခုလိုပြောပြခဲ့ပါ တယ်။အရှေ့ပိုင်းမှာတော့ ရွာမှာ မဝါဝါအောင်တို့၊ ရွှေသမီးတို့နဲ့ စအထွက်မှာတော့ အစ်ကို့ကာရိုက်တာက ပုံမှန်လေးပဲ ပါးပါးလေးသောက်နေတဲ့ လူတစ်ယောက်ပေါ့။ နည်းနည်းလေးရင့်ကျက်လာတဲ့အခါကျတော့ အိချောပိုအလှည့်ရောက်လာတဲ့အချိန်မှာ ဘဲကြီးက နည်းနည်းကျွမ်းနေပြီ ရှက်ကီချလွန်းအားကြီးလို့ မျက်နှာကြီးကွဲပြဲပြီးတော့ ရှောခါနီးအဆင့်ထိ လုပ်ထားတယ်။ မိတ်ကပ်


ကတော့ အစ်ကို့ဘာသာ အစ်ကိုလုပ်တာပါ ဆံပင်တွေဆိုရင်လည်း အစ်ကို့ဘာသာပဲ လုပ်တာ” လို့ သူကဆိုပါတယ်။အရက်ကျွမ်းနေပြီဖြစ်တဲ့ အရက်သမားတစ်ယောက်ရဲ့ ကာရိုက်တာဝင်အောင် အဝတ်အစားပိုင်းပြင်ဆင်မှုကိုလည်း အခုလိုပြောပြခဲ့ပါတယ်။
အဝတ်အစားတွေကတော့ အသစ်ဝယ်ရတာလွယ်တယ်၊ အဟောင်းဆိုတာကို လိုက်ရှာဖို့ခက်တယ် အဲ့ဒီတော့ ပုဂံ ညောင်ဦးဈေးထဲကနေ ဖျင်ကြမ်းတွေဝယ်တယ်၊ အစ်ကို့အမျိုးသမီးကိုယ်တိုင် တိုက်ပုံတွေချုပ်တယ်၊ ပြီးတော့ ချွတ်ဆေးနဲ့စိမ်ပြီးတော့ နွမ်းသွားအောင်လို့ အထုတ်လိုက်ပစ်ထားလိုက်တာ ပေကျံပြီးတော့ ဘာကြောင့်လဲဆိုတော့ ကာရိုက်တာထဲဝင်အော


င်ပေါ့နော်။ ဘာကြောင့်လဲဆိုတော့ အစ်ကိုက အရက်သမားလည်းဖြစ်နေတာကိုး လို့ ဆိုပါတယ် လို့ နေမျိုးအောင်က ပြောပါတယ်။ပါဝင်ရတဲ့ဇာတ်ဝင်ခန်းက နည်းပေမယ့် လုပ်ကွက်ရတဲ့ ဇာတ်ဝင်ခန်းလေးတွေကြောင့် ပရိသတ်အားပေးတယ်ဆိုရင် ဝမ်းသာပီတိဖြစ်ပါပြီလို့ နေမျိုးအောင်က ပြောပါတယ်။ဒီ ဇာတ်ကားသုံးရောင်ခြယ်မှာ ပါဝင်တဲ့ Scene ကနည်းပေမယ့် အစ်ကိုပါဝင်တဲ့ Scene တိုင်းက လုပ်ကွက်ကလေးတွေရတဲ့အတွက် ဒါရိုက်တာ ကိုစတီးလ်ကိုလည်းကျေးဇူးတင်ပါတယ်။ အစ်ကိုဖန်တီးတဲ့ အစ်ကို့ရင်ထဲက အနုပညာကို ပရိသတ်အတွက်အမြဲတမ်း တင်ဆက် ဖျော်ဖြေနေရတာလေ ပရိသတ်က အစ်ကို့ရဲ့အနုပညာကိုလက်ခံတယ်၊ သူတို့ အစ်ကို့ရဲ့ အနုပညာကို အားပေးတယ်ဆိုရင်ပဲ အစ်ကို့မှာ ဝမ်းသာ


ပီတိတွေအများကြီးဖြစ်မိပါတယ်” လို့ ဆိုပါတယ်။သရုပ်ဆောင်နေမျိုးအောင်ပါဝင်ထားတဲ့ သုံးရောင်ခြယ်ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင်ဝါဝါအောင်ရဲ့မောင်လေး၊ ဦးညီဂျော်ရဲ့ ယောက်ဖ၊ ရွှေသမီးရဲ့ ဦးလေး၊ အိချောပို ရဲ့ အဘိုးလေး နေရာက သရုပ်ဆောင်ထားပါတယ်။
photo: သုံးရောင်ခြယ် ရုပ်ရှင်ဇာတ်ကားကြီး Page
အရက်သမားကာရိုက်တာပီပြင်အောင် ကြိုးစားခဲ့တဲ့ နေမျိုးအောင်ရှက်ကီချလွန်းအားကြီး အရက်သမားကာရိုက်တာပီပြင်အောင် ကြိုးစားခဲ့တဲ့ နေမျိုးအောင်ရှက်ကီချလွန်းအားကြီး Reviewed by ကဲကဲလေး on 7:33 PM Rating: 5

No comments

Recent Posts