တစ်နှစ်မှတစ်ခါပဲရေချိုးတဲ့မိန်းမကို သည်းမခံနိုင်တော့လို့ ကွာရှင်း


တစ်နှစ်မှတစ်ခါပဲရေချိုးတဲ့မိန်းမကို သည်းမခံနိုင်တော့လို့ ကွာရှင်းခွင့်တောင်းလိုက်တဲ့ထိုင်ဝမ်အမျိုးသားသူမအကျင့်ကိုသိပြီး လက်ထပ်ခဲ့ပေမယ့်လည်း…သည်းမခံနိုင်တော့တဲ့အဆုံး
သူ့မိန်းမနာမည်က Lin လို့သိရပြီး တစ်နှစ်မှ တစ်ခါတည်း ရေချိုး၊ သွားတိုက်၊ ခေါင်းလျှော်ခြင်းကို ပြုလုပ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ Taipei မြို့ တရားရုံးတွင် တရားဝင်ကွာရှင်းလိုက်ပြီဖြစ်ပါတယ်။ သူမရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုမရှိခြင်းက သူ့ကို အနုနည်းနဲ့ နှိပ်စက်နေသလိုပဲလို့ ယောက်ျားဖြစ်သူကဆိုပါတယ်။ သူတို့စတွဲတည်းက အမျိုးသမီးဟာ တစ်ပတ်မှတစ်ခါသာရေချိုးပါတယ်။ ဒီအကျင့်ကိုလက်ခံခဲ့ပြီး သည်းခံတွဲခဲ့တယ်။ ချစ်လို့လက်ထပ်ခဲ့ပေမယ့် အိမ်ထောင်ပြုပြီးကာမှ သူ့မိန်းမအခြေအနေက ပိုဆိုးလာတာဖြစ်ပါတယ်။Lin ရဲ့ တစ်ကိုယ်သန့်ရှင်းမှုမရှိခြင်းကြောင့် သူတို့နှစ်ယောက် ကလေးလည်းမယူဖြစ်ခဲ့ကြဘူး။ သူမရေချိုးတဲ့တစ်နေ့ပဲ သူတို့အတူတူအိပ်ကြတယ်လို့သိရပါတယ်။ Lin မှာ ဘာအလုပ်မှမရှိပေမယ့် အိမ်အလုပ်ကိုတော့ သေချာပြီးစီးအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် ငွေရေးကြေးရေး သေချာပိုင်နိုင်စွာ မကိုင်တွယ်နိုင်မှုကြောင့် အိမ်စီးပွားရေးက ဖရိုဖရဲဖြစ်လာတယ်။သူတို့ကို အိမ်ပြောင်းပြီး Hsinchu မှာ ယောက်ျားဖြစ်သူ အလုပ်သစ်ရခဲ့ပါတယ်။ Lin က သူ့အလုပ်သစ်ကိုချက်ချင်းလိုက်လာပြီး အဲ့ဒီအလုပ်ကချက်ချင်းထွက်ဖို့ ပြောတာကြောင့် နောက်တစ်နေ့ သူ့မိန်းမကို ကွာရှင်းလိုက်တယ်။ Lin ဘက်က မိဘတွေက သူ့ကိုသားတစ်ယောက်လိုသဘောထားဆက်ဆံပေမယ့်လည်း သူမလုပ်ရပ်ကြောင့် အရမ်းစိတ်ပျက်ခဲ့ရပါတယ်တဲ့။ အဲ့ဒီနေ့က သူမဖုန်းကိုမကိုင်လို့ အလုပ်ထိလိုက်လာခဲ့တာပါ။ အခုတော့ သူတို့နှစ်ယောက် တရားဝင်ကွာရှင်းလိုက်ပါပြီ။
source@buzzy

တစ်နှစ်မှတစ်ခါပဲရေချိုးတဲ့မိန်းမကို သည်းမခံနိုင်တော့လို့ ကွာရှင်း တစ်နှစ်မှတစ်ခါပဲရေချိုးတဲ့မိန်းမကို သည်းမခံနိုင်တော့လို့ ကွာရှင်း Reviewed by ကဲကဲလေး on 7:35 AM Rating: 5

No comments

Recent Posts