“နှမြောပေမယ့် နှမြောတာတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး” ဆိုတဲ့ လွင်မိုး
“နှမြောပေမယ့် နှမြောတာတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး” ဆိုတဲ့ လွင်မိုး
ရုပ်ရှင်သရုပ်ဆောင်မင်းသားးကြီး လွင်မိုးရဲ့ သမီးချော ယွန်းဝတီလွင်မိုးကတော့ သူမရဲ့ ချစ်သူ ထက်ဦးလှိုင်နဲ့ ဇန်နဝါရီလ (၄)ရက်မှာ မင်္ဂလာပွဲဆင်နွှဲခဲ့ပါတယ်။ဒီမင်္ဂလာပွဲကတော့ ပရိသတ်တွေကို တကယ့်ကို အံ့အားသင့်စေ ခဲ့တဲ့ ပွဲပါ။ဖိတ်စာတွေက အွန်လိုင်းပေါ်မှာ ပျံ့နေပေမယ့် ပရိသတ်တွေက ယုံတစ်ဝက် မယုံတစ်ဝက် ဖြစ်နေ ခဲ့ကြပါေ သးတယ်။
(၄)ရက်နေ့မှာတော့ မင်္ဂလာလက်မှတ်ရေးထိုးပွဲရော၊မင်္ဂလာညစာစားပွဲကိုပါ တစ်နေ့တည်း ကျင်းပခဲ့ပါတယ်။အနုပညာ အသိုင်းအ၀ိုင်းကရော တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေပါ တက်ရောက်ပေးခဲ့ကြပါတယ်။သမီးဖြစ်သူကို အိမ်ထောင်ချပေးပြီးနောက်မှာတော့ လွင်မိုး က သူ့ရဲ့ fb ပေါ်မှာ “ယောက္ခမဆိုတာတ ခါ တုံးက သားမက်ပါပဲ..” ဆိုတဲ့စာ
သားလေးကို တင်ခဲ့ပါတယ်။အဲ့ဒီစကားလေးဟာ လွင်မိုး ရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်ကား လေးပါ။ဒီကားလေးမှာတော့ ရန်အောင်၊မို့မို့မြင့်အောင်၊လွင်မိုးနဲ့ ခိုင်သင်းကြည်တို့ သရုပ်ဆောင်ထားပြီး သမီးမွေး ထားတဲ့ ဖခင်တွေခံစားရတဲ့ခံစားချက်တွေ၊သမီးအပေါ် ထားတဲ့ မေတ္တာကို ဟာသနှောထားတဲ့ ဖခင်မေတ္တာဖော်ကြူး ထားတဲ့ ဇာတ်ကားလေးပါ။လွင်မိုးက သမီးဖြစ်သူကို အိမ်ထောင်ချပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး Myanmar Celebrity ရဲ့ အင်တာဗျူးတစ်ခု မှာ အခုလိုဖြေထားပါတယ်။“နှမြောတာက မိဘက ပိုနှမြောတာပေါ့ဗျာ။ဒါပေမယ့်လည်း နှမြောတာ တစ်ခု
တည်းကိုတော့ ကြည့်လို့က မရဘူးေ ပါ့နော်။အနေအထားတွေက အများကြီးရှိတယ်။သူတို့ရဲ့ ဖြတ်သန်းရတဲ့ သူတိုရဲ့ life ရယ်၊Nature ရယ် မတူတဲ့ ဟာတွေ ရှိတယ်။အဲ့ဒါရှင်းရှင်းလေးပြောရမယ်ဆိုရင်တော့ သူတို့က သြစတြေးလျမှာ နေပြီးတော့ ကျောင်းတတ်တဲ့ သူတွေ ဖြစ်သွားကြပြီ။ပြီးတော့ နောက်ပြီးတော့ သူတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် ချစ်သူရည်းစားတွေဖြစ်ပြီးတော့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး လက်ထပ်ချင်တယ်ဆိုတဲ့ ဆန္ဒရှိတယ်ဆိုတည်းက ကျွန်တော်တို့က ဒီခေတ်ကာလမှာ တော်ေ တ်ာလေးကို ကြို
ဆိုရမယ့် အနေအထားမျိုးဖြစ်တယ်။နောက်တစ်ခုက သူတို့နှစ်ယောက်လက်ထပ်ရုံနဲ့ မပြီးဘူး။နှစ်ဖက် မိဘတွေရဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေကလည်း အရေးကြီးတယ်။ကျွန်တော်တို့နှစ်ဖက်မိဘတွေ တွေ့ဆုံဆွေးနွေးတဲ့ အချိန် မှာရော သူတို့ရဲ့ တကယ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ရော ကျွန်တော်တို့ အနေနဲ့ ဘာမှငြင်းစရာ မရှိတဲ့ အတွက်ရော အခုလို ဒီပွဲကို မြန်မြန်ဆန်ဆန်ဖြစ်သွားတာပါ” လို့ ဖြေခဲ့ပါတယ်။ယွန်းလေးရဲ့ ချစ်သူကတော့ (၉) တန်း
တည်းက ခင်လာကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး နောက်ပိုင်းမှာတော့ ချစ်သူရည်းစားဖြစ်ပြီး အခုတော့ လက်ထပ်ဖြစ်သွားကြတာပါ။source Myanmar Celebrity,ယွန်းဝတီလွင်မိုးရဲ့ fb
“နှမြောပေမယ့် နှမြောတာတစ်ခုတည်းကိုပဲ ကြည့်လို့မရဘူး” ဆိုတဲ့ လွင်မိုး
Reviewed by ကဲကဲလေး
on
10:30 PM
Rating:

No comments