အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား အနာဂတ်တွင် အဆင့်သင့် ဖြစ်စေရန်ဟု ဆိုကာ



အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား အနာဂတ်တွင် အဆင့်သင့် ဖြစ်စေရန်ဟု ဆိုကာ အဓမ္မပြုကျင့်သည့် ဖခင်အသက် ၃၅ နှစ်အရွယ်စီ ရှိကြသော ဇနီးမောင်နှံ ၂ ဦးသည် ၎င်းတို့၏ အသက် ၁၂ နှစ်အရွယ်သမီးဖြစ်သူအား အနာဂတ်တွင် အဆင့်သင့် ဖြစ်စေရန်ဟု ဆိုကာ ဖခင်မှ အဓမ္မပြုကျင့်စေခဲ့သည့် ဆန်းပြားသည့် ဖြစ်ရပ် မကြာသေးမီက ဖြစ်ပွားခဲ့သည်။
ရုရှား ရဲတပ်ဖွဲ့ က ၎င်းတို့၏ ဇနီးမောင်နှံအား ကလေးသူငယ်အပေါ် ကာမစိတ်ဖြင့် လိင်ကျွန်ပြုမှု ဖြင့် ဆွဲချက်တင်ထားသည်။၎င်းတို့ဇနီးမောင်နှံက ရဲတပ်ဖွဲ့  တွင် ထွက်ဆိုရာတွင် သမီးဖြစ်သူ အရွယ်ရောက်ချိန်တွင် ကြုံတွေ့ ရမည့်အရာများအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြသည်။၎င်းတို့ဇနီးမောင်နှံကို ဗေါ်လ်ဂိုဂရက် ရှိ ရဲစခန်းတွင် ရမန်ယူစစ်ဆေးလျှက်ရှိသည်။ပြစ်မှု ကျူးလွန်ကြောင်း ပေါ်ပေါက်ပါက ထောင်ဒဏ်နှစ် ၂၀ နှင့်အထက် ကျခံရဖွယ်ရာရှိသည်။အဆိုပါ မိန်းကလေးငယ်သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၇ ခုနှစ်မတ်လအထိ ကြိမ်ဖန်များစွာ ဖခင်ဖြစ်သူမှ လိင်ဆက်ဆံခြင်းခံခဲ့ရသည်ဟု ဆိုသည်။
တစ်ခါတစ်ရံတွင် အိပ်ယာတစ်ခုထဲ၌ မိခင်ဖြစ်သူနှင့်အတူ ၃ ဦးလိင်ဆက်ဆံလေ့ရှိကြသည်ဟု ဆိုသည်။မိခင်ဖြစ်သူက ရံဖန်ရံခါတွင် သမီးငယ်အား လိင်တန်အတုဖြင့် လိင်ဆက်ဆံလေ့ပြုလုပ်စေလေ့ရှိသည်ဟု ဆိုသည်။ယခုအမှုကြောင့် အဆိုပါ ဇနီးမောင်နှံ၏ မိဘအုပ်ထိန်းသူ အခွင့်အရေး ရုပ်သိမ်းခြင်းခံခဲ့ရသည်။၎င်းတို့သည် အဆိုပါ မိန်းကလေးကို မည်သည့်အခါတွင်မျှ ထိန်းသိမ်းအုပ်ချူပ်ခွင့်ရရှိတော့မည်မဟုတ်ဘဲ ယင်းမိန်းကလေးကိုလည်း ယခုအခါ စောင့်ရှောက်ရေးဂေဟာသို့ အာဏာပိုင်တို့က ပို့ဆောင်ထားလိုက်ပြီ ဖြစ်သည်။
မိခင်ဖြစ်သူက ထွက်ဆိုရာတွင် ၎င်းသည် ၁၃ နှစ်သမီးအရွယ်က အဓမ္မပြုကျင့်ခြင်းခံခဲ့ရကြောင်း ၊ သမီးဖြစ်သူ ကြီးပြင်းလာမည့် အချိန်အတွက် ကြိုတင်လေ့ကျင့်ပေးရန် မိမိနှင့်ခင်ပွန်းဖြစ်သူတို့ သဘောတူခဲ့ကြကြောင်း ထွက်ဆိုသည်။
အဆိုပါ အမှုခင်းပေါ်ပေါက်လာပုံမှာ မိန်းကလေးငယ်၏ ရာသီသွေးလာပုံမမှန်ကန်မှုကို ဆရာဝန်တစ်ဦးက သတိပြုမိပြီး အပျိုမဟုတ်တော့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။
အပျိုစင်ဘဝကို မိမိ၏ ဖခင်ထံတွင် ဆုံးရှုံးရခြင်းမှာ အခြားနည်းလမ်းများထက် ပိုမိုကောင်းမွန်ကြောင်း ယင်းမိန်းကလေးငယ်၏ မိဘနှစ်ဦးက ယုံကြည်လျှက်ရှိသည်ဟု ဆိုသည်။
ခင်ပွန်းဖြစ်သူနှင့် လိင်ဆက်ဆံရာတွင် သမီးငယ်ကိုပါ ပါဝင်စေလေ့ရှိခဲ့ကြောင်း မိခင်ဖြစ်သူက ဝန်ခံထွက်ဆိုခဲ့သည်။Cherie(ရွှေအင်းလေး)

အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား အနာဂတ်တွင် အဆင့်သင့် ဖြစ်စေရန်ဟု ဆိုကာ အသက် ၁၂ နှစ်အရွယ် သမီးဖြစ်သူအား အနာဂတ်တွင် အဆင့်သင့် ဖြစ်စေရန်ဟု ဆိုကာ Reviewed by ကဲကဲလေး on 1:51 AM Rating: 5

No comments

Recent Posts