ဒွေးနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့သရုပ်ဆောင်ခေတ်ဒွေး
ဒွေးနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့သရုပ်ဆောင်ခေတ်ဒွေးအချိန်မတန်ခင် ကြွေလွင့်ခဲ့တဲ့ အဆိုတော်သရုပ်ဆောင် အကယ်ဒမီဒွေးနဲ့ ရုပ်ချင်းဆင်ပါတယ်ဆိုပြီး လူပြောများနေတဲ့ သရုပ်ဆောင်ခေတ်ဒွေး အကြောင်းကိုတင်ဆက်ပေးပါ့မယ်။ သူပြောပြတဲ့ ရုပ်ချင်းဆင်တယ်ဆိုတာ မျက်နှာကျတူတာပါတဲ့ ဒွေးနဲ့ မတူပါဘူးတဲ့ သူက ဒွေးကို အရမ်းသဘောကြတာကြောင့် ဒွေးရဲ့ ဒီဇိုင်းတွေကို လိုက်လုပ်နေရင်းက ဒွေးနဲ့ တူတယ်ဆိုပြီး ပြောလာကြတာပါလို့ သူ့ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြထားပါတယ်။ သူဟာ အနုပညာနဲ့ ပတ်သတ်တဲ့ အလုပ်တွေကို အမြဲလုပ်ကိုင်လျက်ရှိပြီး သူ့ရဲ့ နာမည်အရင်းက မင်းသူပါ။သူဟာ အနုပညာအလုပ်ကို ဇောက်ချလုပ်တော့မယ်လို့ မဆုံးဖြတ်ရသေးပေမယ့် ၀ါသနာအရ စမ်းလုပ်ကြည့်နေတာပါတဲ့။ သူက ဇာတ်ညွှန်းလဲရေးတယ်၊ ကဗျာတွေလဲရေးတယ် ခုသရုပ်ဆောင်လဲလုပ်နေပါတယ်။ သူဟာ အနုပညာနဲ့ ဆက်စပ်လုပ်ကိုင်ရတဲ့ အလုပ်တွေမှာ လုပ်ကိုင်လျှောက်လှမ်းလာတာဟာ ၁၅နှစ်ကျော်လောက်ရှိနေပြီလို့သိရပါတယ်။ ခုချိန်မှာတော့ ရုပ်ရှင်ရိုက်ကူးနေပြီး သူပါဝင်ရိုက်ကူးထားတဲ့ သရဲကားတစ်ကားကလဲ မကြာခင် ပရိသတ်တွေလက်ထဲရောက် တော့မှာဖြစ်ပါတယ်။
သူပါဝင်ရိုက်ကူးထားတဲ့ သရဲကြောက်တတ်သူများ မကြည့်ရ THE GHOST DETECTOR( သရဲဖမ်းကြသူများ) များရုပ်ရှင်ကားရဲ့Trailer ကလဲ ထွက်ရှိနေပြီဖြစ်တာကြောင့် အားပေးလိုက်ကြပါဦးနော်။ ဒီဇာတ်ကားကို သရုပ်ဆောင်အသစ်တွေနဲ့ ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။ပရိသတ်ကြီးရေ like & Share လေးလုပ်ပေးလိုက်ပါဦးနော်။ ကျေးဇူးအထူးတင်ရှိပါတယ်။
Source – ခေတ်ဒွေး fb
ဒွေးနဲ့တူတယ်ဆိုပြီးနာမည်ကြီးနေတဲ့သရုပ်ဆောင်ခေတ်ဒွေး
Reviewed by ကဲကဲလေး
on
2:44 AM
Rating:

No comments