ကမ္ဘာ့အကြီးဆုံးစစ်တပ်အဖြစ် စစ်အင်အားပြသလိုက်တဲ့ တရုတ်လက်နက်အပြည့်အ



ကမ္ဘာ့အကြီးဆုံးစစ်တပ်အဖြစ် စစ်အင်အားပြသလိုက်တဲ့ တရုတ်လက်နက်အပြည့်အစုံကိင်ဆောင်ထားကြတဲ့ ထောင်ပေါင်းများစွာသောတရုတ်စစ်သည်တွေဟာ သူတို့ရဲ့ခေါင်းဆောင် ရှီကျင့်ဖိန်ရဲ့ရှေ့မှောက်မှာ သရုပ်ပြကာ စစ်အတွက်ပြင်ဆင်နေကြကြောင်းသိရပါတယ်။မကြာသေးမီက အမေရိကန်နိုင်ငံနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံကြား တင်းမာမှုတွေအဆက်မပြတ်ဖြစ်လာနေတဲ့ကြားထဲက တရုတ်ကအခုလိုစစ်ရေးပြခဲ့တာဖြစ်ပါတယ်။ လက်န


က်ပါစစ်ဝတ်စုံအပြည့်အ၀၀တ်ဆင်ထားတဲ့ တရုတ်ခေါင်းဆာင်ရှီက အမှုထမ်းအမျိုးသား၊အမျိုးသမီးတွေကို အခက်အခဲနဲ့ သေခြင်းတရားကိုမကြောက်ကြဖို့နဲ့ ကွန်မြူနစ်ပါတီရဲ့အမိန့်ကိုပြီးမြောက်အောင် လုပ်ဆောင်ရမည့်အကြောင်း ပြောပြခဲ့ပါတယ်။စစ်တပ်အနေနဲ့ အမြဲတမ်းစစ်အတွက်အသင့်ဖြစ်နေကာ ထူးချွန်ပြီးစွမ်းဆောင်ရည်မြင့်မားတဲ့ အင်အားစုပေါ်ပေါက်လာအောင် ဖန်တီးကြရမည်ဖြစ်ကြောင်း ၊ ပါတီနဲ့ခေတ်သစ်လူအဖွဲ့အစည်းကအပ်နှင်းတဲ့တာဝန်တွေကို ကျေပွန်အောင်စွမ်းဆောင်ကြရမယ့်အကြောင်း ရှီကထပ်လောင်းပြောခဲ့


ပါသေးတယ်။စစ်တပ်အတွင်း စစ်ရေးလေ့ကျင့်ခန်းတွေနဲ့စစ်ပြင်ဆင်မှုတွေ တင်းင်းကြပ်ကြပ်လုပ်ဆောင်ဖို့လိုအပ်ပြီး အနိုင်ယူရမည့်အကြောင်း စသည်ဖြင့်မိန့်ခွန်းပြောပြီးတဲ့အခါမှာတော့ သြဘာပေးသံတွေညံသွားခဲ့ကြောင်း ကွန်မြူနစ်ပါတီတရားဝင် သတင်းစာတစ်စောင်ဖြစ်တဲ့ The People’s Daily ကဆိုပါတယ်။ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တရုတ်ပြည်ဟာလူတွေရဲ့လွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဖိနှိပ်ချုပ်ခြယ်မှုတွေခံခဲ့ရပါတယ်။ အချို့လူ့အ

ခွင့်အရေးလှုပ်ရှားသူတွေကလည်း ရှီကို Chairman Mao ပြီးတဲ့နောက်မှာ အာဏာရှင်အဆန်ဆုံးပုဂ္ဂိုလ်လို့လည်း သမုတ်ခဲ့ကြပါတယ်။ယခုအခါမှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လွန်ခဲ့တဲ့(၂)နှစ်ကျော်ကာလအတွင်း မြောက်နဲ့တောင်ကိုရီးယားနိုင်ငံတို့ သဘောထားကွဲပြားမှုတွေရှိနေခဲ့ရာမှ နောက်အပတ်မှာ ကိုရီးယားကျွန်းဆွယ်ရေးနဲ့ပတ်သက်ပြီး (၂)နိုင်ငံ ဆွေးနွေးစကားပြောဆိုကြမယ့်အပေါ် အခြေအနေတွေကောင်းမွန်လာဖို့မျှော်လင့်ကြောင်း ဆိုခဲ့ပါသေးတယ်။
shwemon





ကမ္ဘာ့အကြီးဆုံးစစ်တပ်အဖြစ် စစ်အင်အားပြသလိုက်တဲ့ တရုတ်လက်နက်အပြည့်အ ကမ္ဘာ့အကြီးဆုံးစစ်တပ်အဖြစ် စစ်အင်အားပြသလိုက်တဲ့ တရုတ်လက်နက်အပြည့်အ Reviewed by ကဲကဲလေး on 11:11 PM Rating: 5

No comments

Recent Posts