"ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ
"ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ"ဒီနေ့ လူပြောများခဲ့တဲ့ လွင်မိုးရဲ့သမီး ယွန်းဝတီလွင်မိုးနဲ့ မောင်ထက်ဦးလှိုင်တို့ရဲ့ မင်္ဂလာမော်ကွန်း လက်မှတ်ထိုးပွဲကတော့ အောင်မြင် ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။အသက်၁၉ နှစ်သာရှိသေးတဲ့ ယွန်းဝတီလွင်မိုးက ကြော်ငြာနဲ့ အမ်တီဗီအချို့ရိုက်ထားပြီး လူချစ်လူခင်များတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်ပါတယ်။ ဒီနေ့မင်္ဂလာပွဲကြောင့် သူ့ကိုချစ်တဲ့ ပရိတ်သတ်တွေ ဝမ်းနည်းခဲ့ကြပါတယ်။ဝမ်းနည်းကြတဲ့ပရိတ်သ
တ်တွေ နားလည်မှုပေးကြဖို့ လွင်မိုးက ဒီနေ့ မင်္ဂလာပွဲမှာ မီဒီယာတွေကို ပြောပြလာတာ ဖြစ်ပါတယ်။ “ပရိတ်သတ်ကြီးကတော့ သူ့ကိုကြိုက်နှစ်သက်တာတွေ ရှိမှာပေါ့။ ခေတ်အခါတွေကလည်း မတူတော့ပါဘူး။ ခုချိန်မှာ သူတို့နှစ်ယောက် တကယ့်ကို တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုအပြည့်နဲ့ လက်ထပ်ပြီးတော့ အိမ်ထောင်ပြုလိုက်တာကို သူ့ကိုချစ်တဲ့ ပရိတ်သတ်ကြီးက နားလည်ပေးရမှာပေါ့” လို့ ပြောလာတာ ဖြစ်ပါတယ်။
စိတ်မကောင်း ဖြစ်တာမဟုတ်ဘူး လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာလို့ပဲ သူကတော့ သဘောထားကြောင်း ပြောသည်။ နှမြောနေရုံနဲ့လည်း လောကကြီးက ပြီးသွားမှာမဟုတ်ပါဘူးလို့ ဖခင် ဦးလွင်မိုးက ပြေခဲ့ပါတယ်။Photos©May Oo(Make up Artist)
PannPwint
"ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ
Reviewed by ကဲကဲလေး
on
6:05 PM
Rating:

No comments