ကမ္ဘာပေါ်က ဒုတိယအန္တရာယ်အရှိဆုံးမြို့စာရင်းဝင်လာတဲ့ ရန်ကုန် ၂၀
ကမ္ဘာပေါ်က ဒုတိယအန္တရာယ်အရှိဆုံးမြို့စာရင်းဝင်လာတဲ့ ရန်ကုန် ၂၀၁၇ ခုနှစ်အတွက် ထုတ်ပြန်လိုက်တဲ့ Safe Cities Index မှာ ရန်ကုန်မြို့ဟာ ကမ္ဘာ့ဒုတိယ အန္တရာယ် အရှိဆုံးမြို့ပြအဖြစ် ပါဝင်ခဲ့ပါတယ်။နိုင်ငံပေါင်း ၆၀ ကျော် လူဦးရေ သန်း ၁၅၀ ကို စစ်တမ်းကောက်ယူခဲ့တဲ့ ထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ဟာ ဆိုးရွားမှု အဆင့် ၅၉ မှာ ရပ်တည်နေ တာပဲဖြစ်ပါတယ်။
စစ်တမ်းမှာ ဖော်ပြထားတာက ရန်ကုန်မြို့ဟာ နှေးကွေးတဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကျန်းမာရေးနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာကဏ္ဍ၊ ဆင်းရဲနွမ်းပါးမှုလျော့ချရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ ယာဉ်ကြောကြပ်တည်းမှု၊ အကြမ်း ဖက်ပြဿနာ၊ ရာသီဥတုဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်တွေကိုပါ ထည့်သွင်းတွက်ချက်ပေးထား တာဖြစ်ပါတယ်။အခြားသော ထောက်ပြချက်တွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာလုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက် မှုအားနည်းချက်၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ လိုအပ်ချက်၊ လူထုလုံခြုံရေး အားနည်းချက်တွေ ပါဝင်ပါတယ်။စီးပွားရေးဆိုင်ရာ အကောက်ခွန်စံနှုန်းနဲ့ မြို့ပြပြစ်ချက်တွေလည်း ပါဝင်ပါတယ်။
ဒီထုတ်ပြန်ချက်မှာ သီးခြားအနေနဲ့ အမေရိကန် ပြည်ထောင်စုက မြို့ပြတွေကိုလည်း ဖော်ပြခဲ့ပြီး ဆန်ဖရန်စစ္စကို၊ နယူးယော့ခ်၊ လေ့အိန်ဂျလိစ်၊ ချီကာဂို၊ ဝါရှင်တန် ဒီစီ၊ ဒယ်လက်စ်မြို့တွေလောက်ပဲ ပါဝင်ခဲ့ပါတယ်။အာရှတိုက်ရဲ့ အကောင်းဆုံးမြို့ပြကတော့ ဂျပန်နိုင်ငံပဲဖြစ်ပါတယ်။
ဂျပန်နိုင်ငံ အိုဆာကာမြို့ရဲ့နောက်မှာ အစဉ်လိုက်ရပ်တည်ခဲ့တဲ့ မြို့ပြနိုင်ငံတွေကတော့ ဂျပန်၊ စက်ကာပူ၊ အိုဆာကာ၊ တိုရွန်တို၊ မဲလ်ဘုန်းမြို့တို့က ဦးဆောင်နေပြီး လန်ဒန်မြို့ကြီးကတော့ အကောင်းဆုံးမြို့ပြ စာရင်းရဲ့ အဆင့် ၂၀ နေရာမှာရပ်တည်နေပါတယ်။ရန်ကုန်မြို့ကတော့ အဆင့် ၅၉ နေရာမှာ ရပ်တည်နေပြီး အဆင့် ၆၀ နေရာမှာတော့ ပါကစ္စတန်နိုင်ငံရဲ့ ကရာချီမြို့ပဲဖြစ်ပါတယ်။စစ်တမ်းသတ်မှတ်ချက်မှာ အနိမ့်ဆုံး ၆၀ ရာခိုင်နှုန်းနီးပါးရှိရမှာဖြစ်ပါတယ်။
ရန်ကုန်မြို့ကတော့ ဒီစစ်တမ်းကို The Economist က ထုတ်ပြန်တာဖြစ်ပါတယ်။Credit . . . MyanmaPlatform
ကမ္ဘာပေါ်က ဒုတိယအန္တရာယ်အရှိဆုံးမြို့စာရင်းဝင်လာတဲ့ ရန်ကုန် ၂၀
Reviewed by ကဲကဲလေး
on
2:02 AM
Rating:

No comments