ပျားအုံပေါ်မှာ အဝတ်ဗလာနဲ့ ထိုင်ပြခဲ့သူ မင်္ဂလာဆောင်စရိတ် ရရှိသွားခဲ




ပျားအုံပေါ်မှာ အဝတ်ဗလာနဲ့ ထိုင်ပြခဲ့သူ မင်္ဂလာဆောင်စရိတ် ရရှိသွားခဲ့တွေးကြည့်ရုံနဲ့တင် တော်တော်လေး ကြက်သီးထစရာကောင်းတဲ့ အလုပ်တစ်ခုကိုတော့ ပျားမွေးမြူ ထိန်းသိမ်းရေး ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Jamie Grainger ဆိုသူ နယူးဇီးလန်နိုင်ငံသားက သူငယ်ချင်းဖြစ်သူနဲ့ လောင်းကစားလုပ်ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။Jamie Grainger ဟာ သူရဲ့သူငယ်ချင်းဖြစ်သူ Aurel နဲ့ အလောင်းအစားတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး ဘောင်းဘီမပါပဲ ပျားအုံပေါ်မှာ စက္ကန့်သုံးဆယ်အတိ ထိုင်နိုင်တယ်ဆိုရင် နယူးဇီးလန်ဒေါ်လာတစ်ထောင်ပေးဖို့ စိန်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ တကယ်တော့ Aurel နဲ့ Jamie တို့တွေဟာ ပေါက်တတ်ကရ ပြိုင်ပွဲလေးတွေကို ပြုလုပ်တတ်လေ့ရှိတဲ့ သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။သူတို့ သူငယ်ချင်းကြားမှာ ပက်ကျိတွေ ဝက်ဝှေးစေ့တွေနဲ့ ငါးအရှင်တွေရဲ့မျက်လုံးတွေကို စားနိုင်မနိုင် အလောင်းအစားလုပ်လေ့ရှိသူတွေဖြစ်ပါတယ်။ အခုလည်း ပျားအုံပေါ်မှာ ဘောင်းဘီမပါပဲ ထိုင်နိုင်မလားဆိုတာကို Aurel ဘက်ကနေ စတင်စိန်ခေါ်ခဲ့တာဖြစ်ပြီး ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သူကတော့ ၁၉စက္ကန့်သာ ပျားအုံပေါ်မှာ ထိုင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် Jamie ကတော့ ပြိုင်ပွဲစည်းကမ်းအတိုင်း သုံးဆယ်စက္ကန့်အထိ ပျားအုံပေါ်မှာ ထိုင်နိုင်ခဲ့တာကြောင့် နယူးဇီးလန်ဒေါ်လာတစ်ထောင် ( အမေရိကန်ဒေါ်လာ ၆၅၀ ) ရရှိသွားခဲ့ပြီး မင်္ဂလာဆောင်ဖို့အတွက် စရိတ်စခပါ ရရှိသွားခဲ့ပါတယ်ခင်ဗျာ။Thithtoolwin
ပျားအုံပေါ်မှာ အဝတ်ဗလာနဲ့ ထိုင်ပြခဲ့သူ မင်္ဂလာဆောင်စရိတ် ရရှိသွားခဲ ပျားအုံပေါ်မှာ အဝတ်ဗလာနဲ့ ထိုင်ပြခဲ့သူ မင်္ဂလာဆောင်စရိတ် ရရှိသွားခဲ Reviewed by ကဲကဲလေး on 12:47 AM Rating: 5

No comments

Recent Posts