လူအုပ်နောက်ဆုတ်ချိန် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း . . .
လူအုပ်နောက်ဆုတ်ချိန် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း . . . . . .
မြောက်ဦးမြို့မှာ မနေ့ညက (ဇန်နဝါရီ ၁၆) ဖြစ်ပွားခဲ့သည့် မြို့ခံများနှင့် နယ်မြေခံ ရဲများကြား ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အာဏာ ကျဆုံးခြင်း ကျင်းပခွင့်မရသည့်အပေါ် ပဋိပက္ခဖြစ်ပွားကြရာ လူအုပ်နောက်ဆုတ်ချိန်တွင် ရဲများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒဏ်ရာရရှိသူများက ပြောသည်။မြောက်ဦးပြည်သူ့ဆေးရုံတွင် သေနတ်ဒဏ်ရာကြောင့် ဆေးကုသခံယူနေသည့် မြို့ခံလူနာတစ်ဦးက DMG သို့ ယခုလိုပြောသည်။
“ ကျနော်တို့က နောက်ဆုတ်နေပြီ။ အဲဒါကို ခရိုင်ရဲရုံးက ဝင်ပစ်တယ်။ ပထမတော့ မိုးပေါ်ထောင်ပစ်တယ်။ ထောင်ပစ်တော့ ကျနော်တို့က နောက်ဆုတ်ပါပြီ။ အဆုတ်မှာ လူအုပ်ကိုသေနတ်နဲ့ ပစ်တာပါ။ လက်နားအကြီးနဲ့ ပစ်တာမှာ အဲမှာအားလုံး လဲကျသွားတာပါ။ ” ဟု ပြောသည်။DMG ၏ သတင်းရပ်ဝန်းအရ စုစုပေါင်းလူ ၂၁ ဦး ထိခိုက်သည်မှာ ၁၀ ဦးက သေဆုံးသွားပြီး ၈ ဦးမှာ ပြင်းထန်ဒဏ်ဖြင့် မြောက်ဦးနှင့် စစ်တွေ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း၊ နောက်ထပ် ၃ ဦးမှာ ပျောက်ဆုံနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
မြောက်ဦးမှာ ပွဲလုပ်မည်ကို ရက် ၂၀ လောက်က ဘာပွဲ လုပ်မည်ကို ကြော်ငြာထားသည့်အပြင် အသိပေးစာလည်း တင်ထားသည့်အတွက် မနေ့က ပွဲကျင်းပမည့် ရက်မှ ငြိမ်းစုစီနှင့် ထပ်မံ ခွင့်ပြုချက်တင်ခြင်းသည် ပြဿနာကို ဖြေရှင်းမဟုတ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က DMG သို့ ပြောသည်။ ရည်ရွယ်ချက်တစ်ခု ရှိပုံပေါက်တယ်။ ဘာလို့ဆိုရင် အခု အချုပ်အခြာအာဏာ ကျင်းပတာက နှစ်စဉ်ကျင်းပတာကို။ ပြီးခဲ့တဲ့နှစ်ကလည်း ဒီဇင်ဘာ ၃၁ ကျင်းပကြတယ်။ တချို့ကလည်း လလည်းကွယ် ပြည်လည်းဆုံး ကျင်းပကြတာပေါ့။ သမိုင်းအရ ရခိုင်မှာ အစဉ်အလာတစ်ခုလို လုပ်လာကြပြီးပြီ။ အဲဒီလိုပွဲ ကျင်းပမယ်၊ ကျင်းပနေတယ်။ ကျင်းပဖို့လည်း ရည်မှန်းထားကြတာကို ပြည်နယ်ကို အုပ်ချုပ်ရတဲ့ ပုဂ္ဂိုလ်တွေ သိပြီပေါ့ဗျာ။ နောက်တစ်ခုက အမျိုးသားပြန်လည် ရင့်ကြားစေရေး။ လက်နက်ကိုင် ပဋိပက္ခ ရှုပ်ငြိမ်းရေးကို သွားနေတယ်။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ကြွေးကြော်နေကြတယ်။ဒါကျနော်ပြောတာက ဦးတည်ချက်တွေကို ပြောတာပါ။ ဒါ အခုအခါမှာ အဲဒီလိုအခမ်းအနားကို မြောက်ဦးတစ်ခုတည်းလား၊ သံတွဲမှာလည်း ရှိတာပေါ့။ အခု ရသေ့တောင်မှာလည်း ကျင်းပတယ်ဗျာ။ အဲတော့ ချက်ခြင်းစီစဉ်တာလား၊ ကြိုတင်စီစဉ်တာလား။ ဖြစ်စဉ်ကို ဖြေရှင်းတဲ့အခါမှာ အစိုးရဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့ ညံ့တယ်လို့ ကျနော်ခံယူတယ်။ ဒီလို အရေးအခင်းမျိုး မဖြစ်ရဘူး။ ” ဟု ၄င်းက ပြောသည်။
မြောက်ဦးမှာ ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့် ပတ်သက်ပြီး မေးမြန်းရန် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ DMG က သွားရောက်ခဲ့သော်လည်း တာဝန်ယူဖြေရှင်းပေးမည်သူ မရှိဘူးဟု DMG သတင်းထောက်က ပြောသည်။
အဆိုပါ ကိစ္စနှင့်လည်း သက်ဆိုင်ရာ ပြည်နယ်ပြန်ကြားရေးအဖွဲ့၊ ပြည်နယ်အစိုးရအဖွဲ့နှင့် အာဏာပိုင် ရဲတာဝန်ရှိသူများက ယခုအချိန်အထိ ပြည်သူကို ရှင်းလင်းပြောကြားခြင်း မရှိသေးပေ။
လူအုပ်နောက်ဆုတ်ချိန် ရဲက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း . . .
Reviewed by ကဲကဲလေး
on
9:56 AM
Rating:

No comments