မြွေဟောက်က ကိုက်လို့ မြွေဟောက်ကို ပြန်ကိုက်သတ်ရင်း ချမ်းသာလာတဲ့ ဖိလစ်ပိုင်ကြေ
မြွေဟောက်က ကိုက်လို့ မြွေဟောက်ကို ပြန်ကိုက်သတ်ရင်း ချမ်းသာလာတဲ့ ဖိလစ်ပိုင်က မြွေဟောက်ဘုရင်...မြွေဟောက်က ကိုက်လို့ မြွေဟောက်ကို ပြန်ကိုက်သတ်ရင်း ချမ်းသာလာတဲ့ ဖိလစ်ပိုင်က မြွေဟောက်ဘုရင်…မြွေဟောက်ဆိုတဲ့ သတ္တဝါဟာ ကမ္ဘာ့ကြောက်စရာအေ
ကာင်းဆုံးနဲ့ အန္တရာယ်ရှိဆုံးထဲမှာပါ,ပါတယ်။သူတို့ရဲ့ ပြင်းထန်တဲ့အဆိပ်ဟာ ကုစရာ ဆေးမရှိသေးပါဘူး။ဒီပြင်းထန်တဲ့အဆိပ်ဟာ နာရီပိုင်းအတွင်း လူ့အသက်ကို ဇီဝိန်ချုပ်သွားစေတာဖြစ်ပါတယ်။မြွေဟောက်က အာရှမှာ တော်တော်များများပါတယ်။တချို့ကတော့ ခြေချောင်း လက်ခြောင်းတွေနဲ့ လက်တွေကိုက်မိရင် ခုတ်ဖြတ်လိုက်တာရှိပါတယ်။တချို့က ကျန်းမာရေးအသိအရ အဝတ်စည်းတာမျိုး ပြုလုပ်တတ်ပါတယ်။အခုဖော်ပြမယ့်ဟာကတော့ ဖိလစ်ပိုင်က အမျိုးသားတစ်ဦးအကြောင်း ဖြစ်ပြီး Elies Lentorio လို့ ခေါ်ပါတယ်။သူဟာ လက်ရှိမှာတော့ မြွေဟောက်ဘုရင်လို့ ခေါ်တာဖြစ်ပါတယ်။သူက တရက် မှတ်တမ်းရုံးကို သွားဖို့ ဆိုင်ကယ်ပေါ်ထိုင်ပြီး စက်နှိုးလိုက်ပါတယ်။ဆီမရှိတော့ ဆိုင်ကယ်က မထွက်တဲ့အတွက် သူဟာ ဖင်ထိုင်ခုံကို ဖွင့်ပြီး ဆီကို စစ်ဖို့ လုပ်လိုက်ပါတယ်။ထိုင်ခုံကို လှန်လိုက်တဲ့အချိန်မှာ သူ့ကို မြွေဟောက်ကြီးတစ်ကောင်က ရှုးခနဲအော်ပြီး လှမ်းကိုက်လိုက်တာဖြစ်ပါတယ်။သူ့ကို ရုတ်တရက် လှမ်းကိုက်တဲ့ မြွေဟောက်ရဲ့ လျင်မြန်မှုကို သူရှောင်တိမ်းချိန်မရပဲ လက်ကို ကိုက်မိသွားတာဖြစ်ပါတယ်။
ဒီလို ကိုက်တဲ့မြွေကို သူအရမ်းဒေါသထွက်ပြီး ခေါင်းကိုကိုင်ပြီး ခေါင်းပြတ်အောင် ပြန်ကိုက်သတ်ပြီး သွေးတွေပါ သူဟာ သောက်လိုက်ပါတယ်။ပြီးတော့ အိမ်ပြန်လာပြီး သူဟာ ဘာမှမဖြစ်သလိုသာ နေခဲ့ပြီး အိပ်ပျော်သွားချိန်မှ သူဟာ အဖျားတွေတက်လာတာဖြစ်ပါတယ်။နှုတ်ခမ်းတွေ အနည်းငယ် ပြာနှမ်းပြီး လက်တွေ အရည်ကြည်ဖုအနည်းငယ်ထလာပါတယ်။သူ့ကို နှိုးတော့ သူက သာမာန်ဖျားနာသူတစ်ယောက်လိုပဲ သဘောထားပေမယ့် သူမိသားစုက မြွေကိုက်မှန်းသိလို့ ဆေးရုံတင်လိုက်ပါတယ်။ဆရာဝန်က သူ့ကို အကြိမ်ကြိမ်စစ်ခဲ့ပေမယ့် သူဟာ အဆိပ်ကို ခံနိုင်ရည်အားကောင်းပြီး မြွေဆိပ်ပြီးသူလိုဖြစ်နေတာဖြစ်ပါတယ်။သူ့ခန္ဓာကိုယ်မှာ ဘာမှမဖြစ်သလို နှလုံးလဲ ကောင်းမွန်နေတာဖြစ်ပါတယ်။တရက်ပဲ ကြာပြီး သူဟာ ဆေးရုံက ပြန်ဆင်းလာတာဖြစ်ပါတယ်။သူဟာ နောက်ပိုင်းမှာတော့ ဘယ်မြွေတွေကိုက်ကိုက် ဘာအဆိပ်မှ မတက်တော့တာဖြစ်ပါတယ်။သူ့ကို လက်ရှိ ဖိလစ်ပိုင်မှာတော့ မြွေဟောက်ဘုရင်လို့ ခေါ်ပြီး သူ့ကို အိမ်တွင်း မြွေရှာဖွေရေးအတွက် လူတွေက ငှားခဲ့ပြီး သူ့အသက်မွေးဝမ်းကြောင်း ပညာလိုဖြစ်ပါတယ်။အရင်ကထက်တောင် ချမ်းသာလာပါတယ်။

Reviewed by ကဲကဲလေး
on
6:13 PM
Rating:

No comments