မတောင်းပန်ဘူး ဆုလဲ ပြန်မအပ်ဘူးတဲ့ .....အေးရော !!!ေ



မတောင်းပန်ဘူး ဆုလဲ ပြန်မအပ်ဘူးတဲ့ .....အေးရော !!!မော်ဒယ် သရုပ်ဆောင် ရွှေအိမ်စည် အား Miss Universe Myanmar Organization မှချီးမြှင့်ထားသည့် အဆောင်အယောင်များနှင့် လက်ခံထားသည့် ဆုကြေးပြန်လည် အပ်နှံရန် National director ဒေါ်စောယုဝေ အား ခုနှစ်ရက်အတွင်း တောင်ပန်ခြင်း မပြုလုပ်ပါက တရား ဥပဒေ မတိုင်းဆောင်ရွက်သွားမည် ဆိုပြီး ဒေါ်စောယုဝေ က ဇန်န၀ါရီ ၁၇ ရက်နေ့က နိုင်ငံပိုင်သတင်းစားကနေ ကြော်ငြာချက် ထုတ်ပြန်ခဲ့ပါတယ် ။အိမ်စည် ဘက်ကလည်း ဆုကြေးငွေနဲ့ ပစ္စည်းတွေကို မအပ်ရသေးဘူးလို့လဲ သိရပါတယ် ။ ထိုကိစ္စနဲ့ ပတ်သတ်ပြီး ရွှေအိမ်စည် က “ အိမ်စည် ဘက်ကတော့ လုပ်စရာရှိတဲ့ အပိုင်းကို ဆက်လုပ်သွားမှာပါ ။ သူတို့ဘက်ကို လုံးဝ တောင်းပန်ဖို့ အစီအစဉ် မရှိပါဘူး ။ အိမ်စည် စီစဉ်ထားတဲ့ အတိုင်း တရားစွဲတာကိုလည်း ဆက်လုပ်မယ် ။ နောက်ပြီးတော့ ဆုကြေးတွေ ပစ္စည်းတွေကို အိမ်စည်ဘက်က တမင်ကိုမအပ်ခဲ့တာပါ ။ သူတို့ ဘက်က မှားနေလို့ အိမ်စည်က တရားစွဲပါတယ်ဆိုမှ သူတို့တောင်းဆိုတာကို လုပ်ပေးစရာလား” ဆိုလဲ အိမ်စည်က ပြောထားပါတယ် ။
Credit:democracy journal
မတောင်းပန်ဘူး ဆုလဲ ပြန်မအပ်ဘူးတဲ့ .....အေးရော !!!ေ မတောင်းပန်ဘူး ဆုလဲ ပြန်မအပ်ဘူးတဲ့ .....အေးရော !!!ေ Reviewed by ကဲကဲလေး on 2:00 AM Rating: 5

No comments

Recent Posts