သုံးစရာငွေမပါဘဲ ကမ္ဘာပတ်ရာမှ သန်းကြွယ်သူဌေးဖြစ်လာသူဘယ်လို ကမ္ဘာပတ်ခဲ့



သုံးစရာငွေမပါဘဲ ကမ္ဘာပတ်ရာမှ သန်းကြွယ်သူဌေးဖြစ်လာသူဘယ်လို ကမ္ဘာပတ်ခဲ့တာလဲကမ္ဘာတစ်ပတ်ခရီးဆက်သွားသူက အိုင်းရစ်လူမျိုး ဂျွန်နီဝဒ်(Johnny Ward) လို့ပြောလိုက်မယ်ဆိုရင် အံ့သြသွားမယ်ထင်ပါတယ်။ပိုပြီးအံ့သြဖို့ကောင်းတာက ဂျွန်နီဝဒ်ဟာ ပိုက်ဆံတစ်ပြားမှ မပါဘဲနဲ့ကြုံရာကျပန်းလုပ်ကိုင်ရင်း ခရီးသွားတဲ့သူပဲဖြစ်ပါတယ်။ ဂျွန်နီဝဒ်ကို
အိုင်ယာလန်နိုင်ငံမြောက်ပိုင်း ကိုင်ကီးမြို့ (Kilkee) မြို့မှာ မွေးဖွားခဲ့ပါတယ်။ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာပေမယ့်လည်း ၂ဝဝ၆ ခုနှစ်မှာ ကမ္ဘာ့
နိုင်ငံတွေကို ခရီးသွားမယ်လို့ ဆုံးဖြတ်ချက်ချထားခဲ့ပါတယ်။ နိုင်ငံတကာ
စီးပွားရေးပညာ လေ့လာပြီးတဲ့နောက် နောက်ဆုံးနှစ်စာမေးပွဲပြီးတာနဲ့
ကမ္ဘာပတ်ခရီးစခဲ့တာ ဖြစ်ပါတယ်။ ပိုက်ဆံအလုံအလောက်မပါတဲ့အတွက်
သူ့ခရီးဟာ ပန်းခင်းလမ်းတော့ မဖြစ်ခဲ့ပါဘူး။ ထိုင်းနိုင်ငံနဲ့ ကိုရီးယားနိုင်ငံ
တွေရောက်တော့ ပိုက်ဆံပြတ်တာနဲ့ အင်္ဂလိပ်စာဆရာအနေနဲ့ အသက်မွေး
ရတယ်။ တစ်နေ့မှ ၁ဝ ဒေါ်လာလောက်ပဲ ရခဲ့ပေမယ့် ကြုံရာပဲ လုပ်ကိုင်ခဲ့
ရပါတယ်။ဘာတွေကြုံခဲ့ရလဲစစ်ရေးမငြိမ်သက်တဲ့နိုင်ငံတွေကို ဖြတ်ကျော်ရတဲ့အတွက် အခက်အခဲမျိုးစုံလည်း ရင်ဆိုင်ခဲ့ရပါတယ်။ လစ်ဗျားနိုင်ငံကို ဖြတ်ကျော်တုန်းကဆို
အီဘိုလာပြဿနာနဲ့ ပက်သက်ပြီးတော့ နှစ်ကြိမ်တောင် အဖမ်းခံခဲ့ရပါတယ်။
အန်ဂိုလာနိုင်ငံကို ရောက်တုန်းကလည်း သူ့ရှေ့မှာ လူတစ်ယောက်ကို
ရက်ရက်စက်စက် ပစ်သတ်တာလည်း ကိုယ်တွေ့ကြုံခဲ့ရပါတယ်။
ဆိုမာလီနိုင်ငံမှာဆိုလည်း ကံကောင်းလို့ ဗုံးပေါက်တဲ့အထဲ ပါမသွားတာလို့
ဆိုပါတယ်။ဘယ်လိုအောင်မြင်လာတာလဲခရီးသွားတဲ့ ပထမငါးနှစ်မှာတော့ လမ်းစရိတ်ပြတ်တာနဲ့ အလုပ်ဝင်
လုပ်လိုက်၊ တစ်ခါခရီးဆက်ထွက်လိုက်နဲ့ လုံးလည်လိုက်နေခဲ့ပါတယ်။
ခရီးသွားဘလော့ဂါ နိုမာဒစ် မတ် (Nomadic Matt) ကို အားကျပြီး
ဂျွန်နီဝဒ်ဟာ One Step 4 Ward လို့ခေါ်တဲ့ ခရီးသွားဘလော့တစ်ခုကို
တည်ထောင်လိုက်ပါတယ်။ One Step 4 Ward ဟာ နာမည်ကျော်လာ
တာနဲ့ လုပ်ငန်းရှင်တွေက ကြော်ငြာဖို့ ဆက်သွယ်လာပါတယ်။ မိခင်နိုင်ငံက
စတင်ခဲ့ပြီး ဘလော့ကနေ ဝင်တဲ့ပိုက်ဆံတွေနဲ့ ခရီးသွားလိုက် စာရေးလိုက်နဲ့
ဂျွန်နီဝဒ်ဟာ အခု ၂ဝ၁၇ မတ်လအစောပိုင်း နော်ဝေးနိုင်ငံမှာ အဆုံးသတ်ခဲ့ပြီး
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၇ နိုင်ငံတောင် လည်ပတ်နိုင်ရုံမက အမေရိကန်ဒေါ်လာ
၁.၅သန်းအထိတောင် ပိုင်ဆိုင်လာပါပြီ။ ပထမပိုင်းမှာ One Step 4 Ward
ကနေ ဝင်ငွေ ၃၅ ဒေါ်လာသာ ရရှိခဲ့ပေမယ့် တဖြည်းဖြည်း ဝင်ငွေများလာပြီး
ခရီးသွားဆောင်းပါးရေးရင်းနဲ့ လန်ဒန်မြို့နဲ့ဘန်ကောက်မြို့တွေမှာ
အိမ်တွေတောင် ဝယ်နိုင်ပါပြီ။
ဂင်းနစ်စံချိန်တင်တော့မယ်အခုဆိုရင် ဂျွန်နီဝဒ်ဟာ ကမ္ဘာတစ်ပတ်ပတ်တဲ့ အငယ်ဆုံး
အိုင်းရစ်လူမျိုးအဖြစ် ဂင်းနစ်စံချိန်တင်ဖို့ ကြိုးစားနေပါတယ်။
အခုဆိုရင် ဂျွန်နီဝဒ်ဟာ မြောက်အိုင်ယာလန်နိုင်ငံ ဘဲဖတ်စ်(Belfast) မြို့
ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ (Bangkok) မြို့ကို သုံးဘီးဆိုင်ကယ်နဲ့
ခရီးသွားမယ့်အစီအစဉ်လည်း ရှိပါသေးတယ်။
ကဲ . . နိုင်ငံအနှံ့မှာ ခရီးသွားရင်း ဒေသန္တရဗဟုသုတတွေ ရရှိရုံမက
ခရီးသွားဘလော့ကနေ သန်းကြွယ်သူဌေးဖြစ်လာတဲ့ ဂျွန်နီဝဒ်ကို
အားမကျဘူးလားဗျာ။ ကဲ . . ကျွန်တော်တို့တွေလည်း သူ့လို
ဝင်ငွေမရပေမယ့် အားလပ်ရက်တွေမှာ အပန်းဖြေဖို့
ခရီးလေးဘာလေး ထွက်ကြမလား။
ကျော်စိုးအောင် (အခရာ)
source:akhayar
link –
http://edition.cnn.com/travel/article/million-dollar-travel-blogger/index.html
Moe Nat Minn
သုံးစရာငွေမပါဘဲ ကမ္ဘာပတ်ရာမှ သန်းကြွယ်သူဌေးဖြစ်လာသူဘယ်လို ကမ္ဘာပတ်ခဲ့ သုံးစရာငွေမပါဘဲ ကမ္ဘာပတ်ရာမှ သန်းကြွယ်သူဌေးဖြစ်လာသူဘယ်လို ကမ္ဘာပတ်ခဲ့ Reviewed by ကဲကဲလေး on 6:19 AM Rating: 5

No comments

Recent Posts