လူပျောက်တိုင်ခံထားရသော FDA ဝန်ထမ်း အမျိုးသမီးမှာ အသတ်ခံရခြင်းဖြစ်နေ
လူပျောက်တိုင်ခံထားရသော FDA ဝန်ထမ်း အမျိုးသမီးမှာ အသတ်ခံရခြင်းဖြစ်နေ
မိသားစု လူပျောက်တို်င်ကြားခြင်းခံရသော အသက်၂၅နှစ်အရွယ်ရှိ FDA ဝန်ထမ်း အမျိုးသမီးငယ်၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် ဒဂုံမြောက်ပိုင်းမြို့နယ်အတွင်း ငမိုးရိမ်ချောင်းဘေးရှိ ဖူဆယ်အားကစားရုံအနီး တွင်တွေ့ရှိခဲ့၍ ရဲက စစ်ဆေးပြီး ပြစ်မှုကျူးလွန်သူကို စုံစမ်း ရှာဖွေနေပြီဖြစ်ကြောင်းသတင်းရရှိသည်။ယင်းအမျိုးသမီးငယ်သည် နေပြည်တော်ရှိ FDA အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဌာနမှ ဒုတိယကြီးကြပ်ရေးမှူးအဆင့်ရှိသူဖြစ်ကာ၊ယမန်နေ့ညကမှ အိမ်နှင့် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် မိသားစုမှနေ၍ ဒဂုံမြို့မရဲစခန်းတွင် လူပျောက်အမှတ်စဉ်(၁/၂၀၁၈)ဖြင့်အမှုဖွင့်တိုင်ကြားထားသူဖြစ်သည်ဟု သက်ဆိုင်ရာမှသိရသည်။သူမသည် ဇန်နဝါရီလ ၁၉ရက်နေ့ ကမှ ရန်ကုန်ရှိမိသားစုထံသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။မိသားစုဝင်တစ်ဦးက “မနေ့ ညပိုင်းကမှအဆက်အသွယ်ပြတ်တောက်သွားတာပါ။လှည်းတန်းက နေပျောက်သွားတာ။အလောင်းကိုတော့မြင်ပြီးပြီ၊ဖူးရောင်ဒဏ်ရာတွေနဲ့၊သူ့ကို အစပထမပိုင်းကတော့ ချစ်သူနောက်လိုက်သွားတယ်လို့တောင်ထင်နေကြတာ။နောက်ပြီးသူကအေးတယ်၊လုံးဝအဆက်အသွယ်မရတာနဲ့ ရဲစခန်းမှာ လူပျောက်တိုင်ခဲ့တာ“ဟု Popular News ကိုပြောသည်။လှည်းတန်းတွင်နောက်ဆုံးရှိခဲ့ကြောင်းသိရ၍ သူ့ကို တွေ့ရှိမိခဲ့သူများအနေဖြင့်ရဲကို ဆက်သွယ်၍ မိမိတိုမည်သို့်တွေ့ရှိခဲ့သည်ဆိုခြင်းကို ပြောပြပေးကြပါရန် အဆိုပါမိသားစုဝင်က မေတ္တာရပ်ခံထားသည်။
လက်ရှိတွင် ရဲကအမှုဖွင့်ပြီး စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
popularnews
လူပျောက်တိုင်ခံထားရသော FDA ဝန်ထမ်း အမျိုးသမီးမှာ အသတ်ခံရခြင်းဖြစ်နေ
Reviewed by ကဲကဲလေး
on
9:01 AM
Rating:

No comments