မိခင်ဖြစ်သူက သမီးထက် အသက် တစ်နှစ်သာကြီးသည့် မိန်းကလေးတစ်ဦး



မိခင်ဖြစ်သူက သမီးထက် အသက် တစ်နှစ်သာကြီးသည့် မိန်းကလေးတစ်ဦး အမေရိကန်တွင် မွေးဖွားအမေရိကန်လူမျိုး အမျိုးသမီးတစ်ဦးဖြစ်တဲ့ တီနာဂစ်ဘ်ဆင်ဟာ နှစ်ပေါင်း ၂၄ နှစ်လောက်ကြာအောင် အေးခဲထားတဲ့ မျိုးဗီဇကနေ ပြီး မိန်းကလေးတစ်ဦးကို မွေးဖွားနိုင်ခဲ့ပါတယ်။
အင်မာ ဝရန် ဂစ်ဘ်ဆင်လို့ နာမည်မှည့်ထားတဲ့ ကလေးငယ်ကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့ကြောင်း တင်နက်ဆီပြည်နယ် နော့ဇ်ဗီးလ် မြို့ ရှိ အမျိုးသား မျိုးဗီဇ လှူဒါန်းရေးဌာန (NEDC) က ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပါတယ်။မျိုးဗီဇကို တခြားမိဘနှစ်ဦးထံက ရခဲ့ပြီး ၁၉၉၂ အောက်တိုဘာ ၁၄ ရက်ကတည်းက အေးခဲထားခဲ့တာဖြစ်ပါတယ်။တီနာဂစ်ဘ်ဆင်က ကိုယ်ဝန်ဆောင်ထားပြီးသည့်တိုင်အောင် သူ့ရဲ့ မျိုးဗီဇသားလောင်းဟာ ၂၄ နှစ်လောက်အေးခဲထားတယ် ဆိုတာကိုမသိခဲ့ဘူးလို့ ဆိုပါတယ်။သို့ သော်လည်း အင်မာ ဝရန် ဂစ်ဘ်ဆင်လေး ကျန်းမာစွာ မွေးဖွားလာခဲ့တဲ့အတွက် ပျော်ရွှင်ကျေနပ်နေပါတယ်။ဂစ်ဘ်ဆင်တို့ ဇနီးမောင်နှံက အဆိုပါဗီဇသားလောင်းရဲ့ မျိုးဗီဇလက္ခဏာကိုကြည့်ပီးရွေးချယ်ခဲ့တာ ဖြစ်ကြောင်း NEDC မှ ဈေးကွက် ဒါရိုက်တာ Mark Mellinger ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့  မျိုးဗီဇလောင်းကို ဘယ်လောက်ကြာအောင်အေးခဲထားခဲ့တယ်ဆိုတာကိုတော့ မပြောဖြစ်ခဲ့ဘူးလို့  ၎င်းက ဆိုပါတယ်။Gibson နဲ့ခင်ပွန်းဖြစ်သူတို့ဟာ ကလေးမရနိုင်တာကြောင့် ယခုလိုရလာတဲ့ ကလေးကြောင့် ပျော်ရွှင်နေကြရပါတယ်။Emma က ဘုရားသခင်ဆီကရတဲ့ အဖိုးမဖြတ်နိုင်တဲ့ ခရစ္စမတ်လက်ဆောင်တစ်ခုပါပဲ” လို့  ဖခင်ဖြစ်သူ Benjamin Gibson ကဆိုပါတယ်မိခင်ဖြစ်သူ ဂစ်ဘ်ဆင်သည် ၁၉၉၁ ခုနှစ်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် မျိုးဗီဇဖြစ်ခဲ့သည့် သမီးဖြစ်သူသည် ထိုနှစ်ကသာ မွေးဖွားခဲ့မည်ဆိုပါက ဂစ်ဘ်ဆင်နှင့် အသက်တစ်နှစ်သာကွာမည် ဖြစ်သည်။“(သမီးလေးသာ အဲ့အချိန်က မွေးခဲ့တာဖြစ်မယ်ဆိုရင်) အခုချိန်မှာ မိတ်ဆွေကောင်းတွေတောင် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်” ဟု အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဂစ်ဘ်ဆင်က ဒေသတွင်း ရုပ်မြင်သံကြားဌာနဖြစ်သည့် WBIR နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားသည်။Cherie(ShweInnlay)
မိခင်ဖြစ်သူက သမီးထက် အသက် တစ်နှစ်သာကြီးသည့် မိန်းကလေးတစ်ဦး မိခင်ဖြစ်သူက သမီးထက် အသက် တစ်နှစ်သာကြီးသည့် မိန်းကလေးတစ်ဦး Reviewed by ကဲကဲလေး on 9:01 PM Rating: 5

No comments

Recent Posts