မိကျောင်းကို သရဏဂုံတင် မီးသင်္ဂြိုဟ်ပေးခဲ့သည့်
မိကျောင်းကို သရဏဂုံတင် မီးသင်္ဂြိုဟ်ပေးခဲ့သည့် ကျွန်းစုမြို့က ကျေးရွာသားများ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ သော်တောင်ငယ်ရွာမှာ သေဆုံးခဲ့တဲ့ မိကျောင်းတကောင်ကို ရွာသူ/သားတွေက သရဏဂုံတင်မီးသင်္ဂြိုဟ်ခဲ့ကြတယ်လို့ သိရပါတယ်။ဒေသခံတွေက ဒီဇင်ဘာ ၂၇ ရက်နေ့မှာ မိကျောင်းအား သင်္ဂြိုဟ်ဖို့ သံယာေ
တာ် တွေကို ပင့်ဖိတ်ကာ ဆောင်ရွက်ပေးခဲ့ပြီး ဘ၀ကူးကောင်းအောင် လုပ်ခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။“ဒီဇင်ဘာ ၂၆ မှာ မိကျောင်းကို ရွာအနီးက ချောင်းထဲမှာ ဖမ်းမိခဲ့တယ်။ အဲဒီမတိုင်ခင် ၄ ရက်လောက်အလိုမှာ ရွာနားတစ်လျှောက်မှာ ကူးခတ်နေတာ တွေ့ရတ
ယ်။ဖမ်းမိတဲ့အချိန်မှာ ဒဏ်ရာတွေနဲ့ ပါးစပ်တောင် မဟနိုင်တဲ့အနေထားပါ။ ကျနော်တို့လည်း သေသွားမှာစိုးလို့ ရေကန်ကြီးထဲမှာ ထိန်းသိမ်းထားသေးတယ်။ ဒါပေမယ့် ၁ နာရီလောက်ပဲ ခံတယ်၊ မိကျောင်းက သေသွားတယ်” လို့ ဒေသခံဖြစ်သူ ဦးစိုးဝင်းက ပြောပါတယ်။
မိကျောင်းကို သရဏဂုံတင် မီးသင်္ဂြိုဟ်ပေးခဲ့သည့်
Reviewed by ကဲကဲလေး
on
9:25 PM
Rating:

No comments