ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီးထမီအားအား ဆွဲလှန်ကာ





ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီးထမီအားအား ဆွဲလှန်ကာ အတွင်းခံဘောင်းဘီအတွင်းနှိုက်ပြီး အုံးဆီနံ့ရသော အရည်များအား မိန်းမအင်္ဂါအတွင်း လိမ်းပေးရာ . . . . .
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ပြင်ဦးလွင်ရပ်ကွက်တွင် ၂၇.၁၂.၂၀၁၇ ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က ဆယ်တန်းကျောင်းသူ မခင်မာ(အမည်လွဲ)သည်နေအိမ်၌ ရေချိုးပြီး သနပ်ခါးလိမ်းနေစဉ် ခြံဝင်းကပ်လျက်နေထိုင်သူ ဦးအောင်ထွန်းလွင်ရောက်လာပြီး ဆယ်တန်းအောင်ဆေးရှိတယ်၊ ဆေးကအရမ်းစွမ်းတယ်၊ ဒီဆေးကြောင့် ဆယ်တန်းအောင်သွားသူ(၄)ဦးရှိပြီ ဖြစ်ကြောင်း ယုံကြည်အောင်ပြောဆိုပါသည်။ငါတူမ ရချင်ရင် အိမ်ကိုလာယူလေ၊ ခုအားတယ်မို့လား၊ မကြာပါဘူး မိနစ်(၂၀)လောက်ဘဲကြာမယ်ဟုပြောဆိုပြီး ပြန်သွားပါသည်။မခင်မာ(အမည်လွဲ)သည် ကျောင်းသွားရန် ကျောင်းလွယ်အိတ်ကိုယူပြီး ဦးအောင်ထွန်းလွင်နေအိမ်ဘက်သို့ ဆယ်တန်းအောင်ဆေးယူရန် သွားခဲ့ပါသည်။ဦးအောင်ထွန်းလွင်မှ အိမ်ပေါ်ခေါ်ပြီး အရည်အဆီအဖြူရောင်နှင့် အကြည်ပလပ်စတစ်ဘူးအားပြသပြီး ဒါဆယ်တန်းအောင်တဲ့ ဆေးရည်ဟုပြောပြသည်။၎င်းဆေးအား ဘယ်လိုလိမ်းရမည်လည်းဟုမေးရာ


 ဦးအောင်ထွန်းလွင်မှ မိန်းမအင်္ဂါထဲမှာ လိမ်းရမည်ဟုပြောရာ၊ ဒါဆိုရင် မလိမ်းချင်ပါဘူးဟုပြောဆိုပြီး ပြန်မည်ဆိုပြီး ထွက်ခဲ့ရာ ဦးအောင်ထွန်းလွင်မှ လက်ဆွဲခေါ်ပြီး အိပ်ခန်းအတွင်း ခေါ်ဆောင်သွားပြီး မရှက်နဲ့ဘာမှမဖြစ်ဘူးဟုပြောဆိုပြီး ထမီအားအား ဆွဲလှန်ပြီး အတွင်းခံဘောင်းဘီအတွင်းနှိုက်ပြီး အုံးဆီနံ့ရသော အရည်များအား မိန်းမအင်္ဂါအတွင်း လိမ်းပေးရာ အတင်းရုံးကန်ပြီး ၄င်းနေအိမ်မှပြေးထွက်ခဲ့ပါသည်။
၎င်းဖြစ်စဉ်အား အုပ်ထိန်းသူအဒေါ်အားပြောပြရာ အဒေါ်ဖြစ်သူနှင့်ဖခင်တို့မှ ကျောင်းသူတဦးအား သားမယားအဖြစ် ကြံစည်သူဦးအောင်ထွန်းလွင်အား အရေးယူပေးပါရန် ကောလင်းမြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပါသည်။အောင်ထွန်းလွင်၊ အသက်(၄၁)နှစ်၊(ဘ)ဦးစစ်အောင်၊ ပြင်ဦးလွင်ရပ်နေထိုင်သူအား ရာဇသတ်ကြီးပုဒ်မ(၃၇၆)/၅သ ဖြင့် အမှု့ဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။
Kawlin Newslay
ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီးထမီအားအား ဆွဲလှန်ကာ ဆယ်တန်းအောင်ဆေး ပေးမည်ဆိုပြီးထမီအားအား ဆွဲလှန်ကာ Reviewed by ကဲကဲလေး on 5:34 PM Rating: 5

No comments

Recent Posts