အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ကိုယ်ဝန်ရတဲ့အထိ အဓမ္မကျင့်သူ အမျိုး
အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ကိုယ်ဝန်ရတဲ့အထိ အဓမ္မကျင့်သူ အမျိုးသားအား ထောင်ဒဏ် ၁၈ လချမှတ်…နှလုံးသားအရေးနဲ့ပတ်သက်လာရင် အသက်အရွယ်နဲ့ဘာမှမဆိုင်ဘူးလို့ လူတွေပြောကြပါတယ်။ သို့ပေမယ့် လိင်မှုကိစ္စတွေမှာတော့ အပြန်အလှန် ချစ်ကြိုက်ကြတယ်ဆိုရင်တောင် အကန့်အသန့်တွေရှိလာပါတယ်။ အကြောင်းကတော့ အသက်ငယ်သူတွေပဲဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာမသန်စွမ်းသူတွေပဲဖြစ်ဖြစ် သူတို့တွေဟာ ဥပဒေအရ ထိုသို့လုပ်ဖို့ လိုလားမှုကို မဖော်ပြနိုင်ပါဘူး။ သက်ငယ်သူနှင့် လိင်ဆက်ဆံခြင်းကို ဥပဒေအရ မုဒိမ်းကျင့်တယ်လို့ပဲ ယူဆထားပါတယ်။နှစ်ဦးသဘောတူ ဆယ်ကျော်သက်လိင်ဆက်ဆံမှုတွေဟာ အမေရိကန်နိုင်ငံမှာတော်တော်ခေတ်စားနေတာပါ။ ၁၉၉၅ တုန်းကကောက်ယူထားတဲ့ စစ်တမ်းတစ်ခု၏ဖော်ပြချက်တွေအရ အမေရိကန်နိုင်ငံရှိ ဆယ်ကျော်သက်လူငယ်များ၏ ၅၀% ဟာ အသက် ၁၆ နှစ်အရွယ်ရှိသူများနှင့် လိင်ဆက်ဆံကြတယ်လို့ဆိုပါတယ်။ အမှန်တစ်ကယ်တော့ ယင်းအသက်အရွယ်တွေအကြား မုဒိမ်းကျင့်မှုဟာ နှစ်စဉ် ၇ သန်းကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။စတဲကျူမုဒိမ်းကျင့်မှုတွေထဲမှာ ထုံးစံအရ လူသိရှင်ကြားအတင်းလုပ်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေမရှိပါဘူး။ စတဲကျူမုဒိမ်းဆိုတဲ့ ဝေါဟာရစကားလုံး၏ဆိုလိုရင်းကတော့ အရွယ်ရောက်ပြီး လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးပြီးအသက်ငယ်ရွယ်သူတစ်ဦးနှင့် လူကြီးတစ်ယောက်လိင်ဆက်ဆံခြင်းကိုပြောပြချင်တာပါ။ ဖြစ်ပွားမှုအများအပြားတွေဟာ သတိမပြုမိပဲသွားနေတာပါ၊ အထူးသဖြင့် မုဒိမ်းကျင့်ခံရသူတွေမှ သူတို့လိင်ဖော်တွေအကြောင်းပြောပြဖို့ ငြင်းဆိုလိုက်သည့်အချိန်တွေမှာပေါ့။ သို့ပေမယ့် အလားတူသက်ငယ်မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရအောင်နှစ်ကြိမ် ကျူးလွန်တဲ့ဒီအမျိုးသားကို တော့ ထောင်ဒဏ်ချမှတ်လိုက်ပါတယ်။မှုခင်းမှတ်တမ်းများ၏ ဖော်ပြချက်တွေအရ ၄င်းအစွပ်စွဲခံ အရောင်းဝန်ထမ်းဟာ ၂၀၁၂ တုန်းက သူ့သူငယ်ချင်းတစ်ယောက်မှတစ်ဆင့် အသက် ၁၄ နှစ်ရှိမိန်းကလေးကို စတွေ့ခဲ့တာပါ။ တစ်ဦးနှင့်တစ်ဦး စတွေ့တဲ့အချိန်ကစပြီး အချင်းချင်းစုံတွေ့မှုတွေရှိလာကြပြီး ၂၀၁၅ ဇွန်လတုန်းက စွပ်စွဲခံရသူအမျိုးသားနှင့် မုဒိမ်းကျင့်ခံရသူမိန်းကလေးတို့နှစ်ဦးတည်း တရားခံအမျိုးသား၏နေအိမ်မှာ တီဗီကြည့်နေရင်း လိင်ဆက်ဆံကြသည့်နောက်ပိုင်း ယင်းမိန်းကလေးမှ ကိုက်ဝန်ရလာတဲ့အချိန်ထိပါပဲ။ဒီနှစ် ၂၀၁၇၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၈ ရက် ဆေးရုံတစ်ရုံတွင် အဆိုပါမိန်းကလေးမီးဖွားပြီးနောက်ပိုင်း ရဲတပ်ဖွဲ့အနေဖြင့် ထိုကဲ့သို့သော ပဋိပက္ခ မျိုးနောက်ထပ်မဖြစ်ရလေအောင် သတိပေးလိုက်ပါတယ်။ စွပ်စွဲခံရသူအနေဖြင့် အသက်ငယ်သူတစ်ယောက်နဲ့ ယင်းကဲ့သို့လိင်မှုဆက်ဆံခြင်းတွေကျူးလွန်ခဲ့သည့်အတွက် တရားစီရင်ခြင်းနှစ်ခု ရင်ဆိုင်ခဲ့တာပါ။သို့သော်လည်း အောက်ပါတရားရုံးမှ သတိပေးချက်တစ်ခုနဲ့သူ့ကို ပြစ်ဒဏ်မပေးပဲပြန်လွှတ်လိုက်ပါတယ်။ “ ရှေ့လာမည့် 12 လအတွင်းမှာ ဥပဒေတစ်ခုခုကို ကျူးကျော်ဖောက်ဖျက်ခြင်းတွေ မလုပ်ရ။ သို့မဟုတ်ပါက မူလစွပ်စွဲချက်များဖြင့် ပြန်လည်ဖမ်းဆီးမည်” ဟူတတည်း။ တရားရုံးမှပေးလိုက်တဲ့ သတိပေးချက်ကတော့ ရိုးရိုးရှင်းရှင်းလေးဆိုပေမယ့် လိုက်နာဖို့တွန့်ဆုပ်ခဲ့တာဖြစ်ပြီး အဆိုပါမိန်းကလေးနဲ့ သူတို့နှစ်ဦးစလုံးဟာ သီးသန့်လက်ထပ်ခွင့်လိုင်စင်လျှောက်နေစဉ်နောက်တစ်ကြိမ်အမျိုးသားဖြစ်သူကိုပြန်လည်ဖမ်းဆီးလိုက်ခြင်းဖြစ်ပါသည်။၂၀၁၇၊ ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်တွင် ယင်းမိန်းကလေးအနေဖြင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဆေးရုံသို့သွားပြီး ဆေးစစ်ခြင်းတစ်ခုပြုလုပ်ကာ ဆရာဝန်ထံ သူမရာသီမလာတာ နှစ်လရှိပြီဖြစ်တဲ့အကြောင်း ပြောပြလိုက်တယ်ဟု ဖော်ပြချက်တွေအရ သိရှိရပါတယ်။ Ultrasound တွေလုပ်ခြင်းအားဖြင့် နောက်ထပ်သူမကိုယ်ဝန်ရှိလာတဲ့အကြောင်း မကြာခင်မှာပဲ အတည်ပြုလိုက်ပါတယ်။ မိန်းကလေးရဲ့အသက်က ၁၆ နှစ်ကျော်သာရှိသေးတဲ့အတွက် ဇူလိုင်လ ၃၀ ရက်နေ့တွင်ဆေးရုံရှိတာဝန်ရှိသူတွေက ရဲသို့တိုင်ကြားလိုက်တာပါ။
စွပ်စွဲခံရသူအနေဖြင့် တရားရုံးကချမှတ်ပေးထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာပဲ၎င်းသက်ငယ်အမျိုးသမီးကို ထပ်ပြီးကိုယ်ဝန်ရအောင် ပြစ်မှုကျူးလွန်တယ်လို့ တရားသူကြီးမှ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ထပ်မံ ပြောဆိုလိုက်ရာ၊ တရားခံအနေဖြင့် တရားစွဲဆိုခြင်းလေးခု ရင်ဆိုင်နေရပြီး ယင်းထဲမှ ထင်းရှားတဲ့ပြစ်မှုနှစ်ခုဖြင့် ထောင်ဒဏ် ၁၈ လ ချမှတ်ခြင်းခံရပါတယ်။Thawn Khai ( Hello Myanmar )
အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ကိုယ်ဝန်ရတဲ့အထိ အဓမ္မကျင့်သူ အမျိုး
Reviewed by ကဲကဲလေး
on
5:26 PM
Rating:

No comments