အရှေ့တောင်အာရှက ကမ္ဘာ့ အချမ်းသာဆုံး ရွက်ပုန်းသီး ဘောလုံးသမားလေး



အရှေ့တောင်အာရှက ကမ္ဘာ့ အချမ်းသာဆုံး ရွက်ပုန်းသီး ဘောလုံးသမားလေး
ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားလို့ ဆိုလိုက်တာနဲ့ ဒေးဗစ်ဘက်ခမ်း၊ စီရော်နယ်ဒို၊ မက်ဆီတို့ကိုသာ ပရိသတ်ကြီးမျက်စိထဲမှာ ပြေးမြင်မိပါလိမ့်မယ်။ သူတို့ကတော့ တကယ်လည်း ဘောလုံးနဲ့အရင်းအနီးပြုပြီး ဆင့်ပွားချမ်းသာလာကြသူတွေပါ။ သူုတို့ပိုင်ဆိုင်မှု ဘယ်လောက်ဆိုတာ အင်တာနက်ကို မေးလိုက်တာနဲ့ ချက်ချင်း သိနိုင်ပါတယ်။


ဒါပေမယ့် ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားထဲမှာ လက်စတာအသင်းက မထင်မရှားကစားသမားလေးတစ်ယောက် ပါဝင်နေတယ်ဆိုရင် အားလုံး အံ့သြနေကြပါလိမ့်မယ်။ တစ်ချို့ဆိုရင် ဟက်ဟက်ပတ်ပတ် ရယ်မောနိုင်တဲ့အထိပါ။ ဒါပေမယ့် အဲဒီကစားသမားလေးဟာ လက်စတာအသင်းမှာသာမက အာဆင်နယ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာတောင် ကစားခဲ့ဖူးသူပါ။ အသက်ကတော့ (၁၉)နှစ် ရှိနေပါပြီ။



သူ့အမည်ကတော့ Faiq Bolkiah ဖြစ်ပါတယ်။ သူ့ကို အခုမှ သင်သိသွားတယ်ဆိုရင်တောင် သူ့ ဦးကြီးကိုတော့ သင် ကောင်းကောင်း သိနေလောက်ပါတယ်။ Faiq ရဲ့ ဦးကြီးဟာ နယ်နယ်ရရမဟုတ်ပါဘူး။ ဘရူးနိုင်ဒါရုစလမ်နိုင်ငံရဲ့ အဓိပတိ ဘုရင်မင်းမြတ် Sultan of Brunei (Hassanal Bolkiah) ဖြစ်ပါတယ်။



Hassanal ဟာ ဒေါ်လာ (၂၀)ဘီလီယံအထိ ချမ်သာသူပါ။ သူ့ရဲ့ ချမ်းသာမှုဟာ Faiq နဲ့ မပတ်သက်ဘူးလို့ ဆိုရင်တောင် Faiq ရဲ့ Jefri Bolkiah ဟာ လက်ရှိဘရူနိုင်းနိုင်ငံရဲ့ နန်းလျာမင်းသားကြီး ဖြစ်ပြီး၊ Hassanal ရဲ့ ညီတော်ဖြစ်ပါတယ်။ သူဟာ ရင်းနီးမြှုပ်နှံမှုအေဂျင်စီလုပ်ငန်းတစ်ခုတည်းမှာတင် (၁၅)နှစ်အတွင်း ပေါင် (၁၀)ဘီလီယံ ရင်းနီးခဲ့သူ ဖြစ်ပါတယ်။
ဒီပေါင်(၁၀)ဘီလီယံဆိုတဲ့ ပမာဏဟာ မင်းသားကြီး Jefri အတွက်တော့ အစိတ်အပိုင်းတစ်ခုသာရှိသေးပြီး သတင်းတွေအရ Jefri မှာ Bentleys, Ferraris နဲ့ Rolls-Royces အမျိုးအစား


ကားတွေပါဝင်တဲ့ ဇိမ်ခံကားပေါင်း ၂၃၀၀ ကျော်အထိ ရှိနေပြီး၊ တစ်လတည်းမှာပင် ပေါင် (၃၅)သန်းကို ကားနဲ့ ရွှေနဲ့ပြုလုပ်ထားတဲ့ ဘောလ်ပင်တွေ ဝယ်ဖို့ အသုံးပြုခဲ့တယ်လို့ နာမည်ကြီးခဲ့ပါတယ်။ဒါတင်မကသေးဘဲ မင်းသားကြီး Jefri ဟာ လက်ရှိအချိန်မှာ အသက်(၆၃)နှစ်ဖြစ်ပြီး သူ့အသက် (၅၀)ပြည့် မွေးနေ့တုန်းက ကမ္ဘာကျော် ပေါ့အဆိုတော မိုက်ကယ်ဂျက်ဆင်ကို နာရီပိုင်းလာရောက်ဖျော်ဖြေဖို့ ကမ်းလှမ်းခဲ့ပြီး ပေါင် (၁၂.၅)သန်းအထိ ပေးချေခဲ့လို့ အာရှတစ်ခွင်က သူဌေးကြီးတွေ မျက်လုံးပြု မျက်ဆံပြူးနဲ့ အံ့သြယူခဲ့ရပါသေးတယ်။


ဒါဆို ရွက်ပုန်းသီးဘောလုံးသမားလေး Faiq ရဲ့ပိုင်ဆိုင်မှု ဘယ်လောက်ဆိုတာ အနည်းအကျဉ်းတော့ ရိပ်မိမယ်လို့ ယူဆရပါတယ်။ Faiq ဟာ LA မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး၊ ဘောလုံးကို ဝါသနာအရသာ ကစားသူပါ။ ၂၀၀၉ ခုနှစ် ဆောက်သမ်တန် လူငယ်အကယ်ဒမီမှ (၂၀၁၃)ခုနှစ်မှာ အာဆင်နယ်လူငယ်၊ ယင်းနှ်စ်မှာ အာဆင်နယ်လူငယ်အသင်းနဲ့အတူ တစ်ဂိုးသွင်းပြီး 2013 Lion City Cup ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။



အဲဒီနောက် ချယ်လ်ဆီး လူငယ်အကယ်ဒမီမှာ နှစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး၊ လအနည်းငယ်အကြာမှာ လက်စတာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လက်ရှိအချိန်ထိ လက်စတာအသင်းအတွက် ပွဲထွက်ကစားသမားဘဝကို မရောက်သေးပေမယ့် ဘရူနိုင်းလက်ရွေးစင်အတွက် (၉)ပွဲကစားပြီး တစ်ဂိုးသွင်းယူပေးထားကြောင်း သိရပါတယ်။
နတ်စည်တော် (Shwemom)



အရှေ့တောင်အာရှက ကမ္ဘာ့ အချမ်းသာဆုံး ရွက်ပုန်းသီး ဘောလုံးသမားလေး အရှေ့တောင်အာရှက ကမ္ဘာ့ အချမ်းသာဆုံး ရွက်ပုန်းသီး ဘောလုံးသမားလေး Reviewed by ကဲကဲလေး on 2:21 AM Rating: 5

No comments

Recent Posts