မုဒိန်း သမားတွေ ငိုရမယ့် အတွင်ခံ ဘောင်းဘီ တီထွင်လိုက်တဲ့ မိန်းကလေးဒီ အတွင်းခံေ



မုဒိန်း သမားတွေ ငိုရမယ့် အတွင်ခံ ဘောင်းဘီ တီထွင်လိုက်တဲ့ မိန်းကလေးဒီ အတွင်းခံ ဘောင်းဘီရဲ့ အစွမ်းလေးကိုလည်း ကြည့်သွားလိုက်ဦးနော်...Seenu Kumari ဆိုတဲ့ကောင်မလေးဟာ 68 ဒေါ်လာတန် အမျိုးသမီးအတွင်းခံဘောင်းဘီဒီဇိုင်းကို မုဒိန်းမှုတွေ အလွယ်တကူမကျူးလွန်နိုင်အောင် ကျူးလွန်လည်း ဒီလိုလူကို အရေးယူနိုင်အောင် ထွင်လိုက်တာဖြစ်ပါတယ်။ဒီမှာ ပါတဲ့ အဆင်အပြင်တွေကတော့ ဘောင်းဘီကို ချွတ်လိုက်တာနဲ့ အရေးပေါ်ဖုန်းကို ခေါ်ပြီးသားဖြစ်မှာဖြစ်ပြီး GPS ခြေရာခံနိုင်ပြီး ရဲတွေဟာ အမြန်ဆုံးရောက်လာနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ပထမဆုံး သူမ ထုတ်လိုက်တဲ့ ဒီပန်းရောင် အောက်ခံဘောင်းဘီကို အိန္ဒိယမှာသာမက နိုင်ငံတော်တော်များများက စိတ်ဝင်စားနေတာဖြစ်ပါတယ်။
သူမရဲ့ အတွင်းခံကြီးက ဘာကြောင့်အထူကြီးဖြစ်နေတာလဲလို့ မေးစရာရှိပါတယ်။ဒါဟာ ကျည်ကာအကျီ်လို ထူထဲတဲ့ အစဖြစ်ဖြစ်ပြီး ဓားနဲ့ခွဲဖို့တောင် အချိန်တော်တော်ယူရပါတယ်။ဒါဟာ အချိန်ကြန့်ကြာစေခြင်း တမျိုးဖြစ်ပြီး ဒီအချိန် ရဲတွေက မုဒိန်းသမားကို အမြန်ဆုံးခြေရာခံဖမ်းနိုင်ဖို့ပါပဲ။တကယ်တော့ အိန္ဒိယဟာ ဒေသခံတွေသာမက ခရီးသွားတွေအတွက်ပါ မလုံခြုံဆုံးနေရာဖြစ်ပြီး မုဒိန်းမှုပေါင်းများစွာဖြစ်နေတာဖြစ်ပါတယ်။ဒါဟာ တကယ့်ကို အသုံးဝင်လာနိုင်တဲ့ အတွင်းခံဖြစ်လာနိုင်ပြီး ရဲသာ တကယ် အလုပ်လုပ်မယ်ဆိုရင် ရာဇဝတ်ကောင်ကို မိနိုင်မှာပဲဖြစ်ပါတယ်။အခြေအနေနှစ်ရပ်ရှိလာနိုင်တာက ဒီအတွင်းခံသာ တွင်တွင်ကျယ်ကျယ် ဈေးကွက်မှာ ရောင်းဝယ်လာရင် မုဒိန်းကောင်တွေဟာ ဒီအတွင်းခံကို အမျိုးသမီးတွေ ဝတ်ထားနိုင်တယ်လို့ ထင်ပြီး လက်တွန့်ကာ နောက်ဆုတ်သွားကြမှာဖြစ်ပါတယ်။အခြားအကြောင်းတရပ်ကတော့ ဒီအတွင်းခံဟာ နိုင်ငံခြားဈေးကွက်ကို ရောက်ခဲ့ရင်တော့ သုံးစရာအနေနဲ့ သူတို့ဟာ Porn ရုပ်ရှင်တွေထဲ ထည့်သုံးသွားနိုင်ပါတယ်။အမျိုးသမီးလုံခြုံရေးအတွက် သီးသန့်အကြောင်းပြချက်နဲ့ ဖြန့်ချိဖို့သာ အလားအလာရှိပြီး အကြမ်းဖက်မှုကို လျှော့ချမယ်လို့ ဆိုပါတယ်။တကယ်လို့သာ ဒီအတွင်းခံတွေ အမျိုးသမီးတိုင်း တော်တော်များများဝတ်လာနိုင်တာဆိုရင် ရဲစခန်းမှာ ဖုန်းတွေလာတာရပ်ပါတော့မလားလို့ တချို့က လှောင်ပြောင်ကြတာဖြစ်ပါတယ်။Credit: cantwait2say
မုဒိန်း သမားတွေ ငိုရမယ့် အတွင်ခံ ဘောင်းဘီ တီထွင်လိုက်တဲ့ မိန်းကလေးဒီ အတွင်းခံေ မုဒိန်း သမားတွေ ငိုရမယ့် အတွင်ခံ ဘောင်းဘီ တီထွင်လိုက်တဲ့ မိန်းကလေးဒီ အတွင်းခံေ Reviewed by ကဲကဲလေး on 7:09 AM Rating: 5

No comments

Recent Posts