မန်နေဂျာချီးကျူးခံရတဲ့အောင်သူ
"အောင်သူဟာအာဆီယံအကောင်းဆုံးခေါ်ယူမှု"အသင်းမန်နေဂျာရဲ့ ချီးကျူးခံရတဲ့အောင်သူ..
Police Tero အသင်းရဲ့ မန်နေဂျာ တန်ညာဝန်နက်ကအောင်သူဟာထိုင်းလိဂ်ရဲ့အကောင်းဆုံးအာဆီယံကစားသမားခေါ်ယူမှုတစ်ခုဖြစ်လာမယ်လို့ပြောကြားခဲ့ပါတယ်။Police teroမန်နေဂျာအဆိုပါသူ့ရဲ့မှတ်ချက်ကိုဘန်ကောက်FCနဲ့Police Teroတို့ခြေစမ်းပွဲအပြီးမှာပြောကြားခဲ့ပါတယ်။အဆိုပါပွဲမှာအောင်သူနှစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။အောင်သူရဲ့အသင်းနဲ့အလျှင်အမြန်အထိုင်ကျပြီးခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခြင်းကိုPolice Tero တာဝန်ရှိသူတွေသဘော
ကျနှစ်သက်နေကြပါတယ်။Police Tero အသင်းရဲ့ မန်နေဂျာ ထပ်ပြောတာက“အောင်သူက ကျွန်တော်တို့ မျှော်မှန်းထားတာ ထက်ကို ပိုပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်” တဲ့။ဒါ့အပြင်အောင်သူရဲ့တွဲဘက်တိုက်စစ်မှုးပြင်သစ်သားအန်ဒရီကိုလည်းချီးကျူးမှုတွေပြုလုပ်ခဲ့ပါတယ်အဆိုပါပွဲမှာအန်ဒရေလည်းတစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။အန်ဒရေဟာအရင်နှစ်ဘောလုံးရာသကတစကိုယ်ကောင်းဆန်ဆန်ကစားခဲ့ပေမယ့်ဒီနှစ်မှာအသင်းနဲ့ပိုမိုချိတ်ဆက်ကစားလာနိုင်ပြီးအောင်သူနဲ့လည်းတွဲဘက်ညီညီကစားသွားနိုင်တယ်လို့မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ကျော်ကိုကို
ထက်စာရင်ကစားတဲ့နေရာအရအောင်သူဟာပိုမိုပွဲထွက်ခွင့်ရနိုင်တယ်လို့သူ့အမြင်ကိုပြောပတယ်။ကျော်ကိုကိုကစားတဲ့နေရာဟာအထောင်တိုက်စစ်မှူးတိုက်စစ်နေရာကစားတာမို့ဖိအားကင်းစွာကစားနိုင်တယ်လို့သူကပြောပါတယ်။တန်ညာကတော့သူ့ကစားသမားအကောင်းဆုံးအာဆီယကစားသမားခေါ်ယူမှုဖြစ်လာလိမ့်မယ်လို့တထစ်ချယုံကြာ်နေပါတယ်။တန်ညာမျှော်လင့်
ထားသလိုအောင်သူဖြစ်လာနိုင်မလားဆိုတာတော့..Source-Police Tero
မန်နေဂျာချီးကျူးခံရတဲ့အောင်သူ
Reviewed by ကဲကဲလေး
on
7:18 PM
Rating:

No comments