ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိပါတယ်


ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိပါတယ်ဖားတစ်ကောင်ဟာကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ဒီလိုစဉ်းစားမိပါတယ် …
“ငါ့မှာ ခြေနှစ်ချောင်း လက်နှစ်ဖက်ရှိတာတောင်လမ်းလျှောက်ရတာ ခက်ခဲတယ်…တစ်​ခါတစ်လေ ဘယ်ညာမှားပြီး ခြေလှမ်းတွေ လွဲနေတတ်သေးတယ်​..ဒါပေမယ့် ဒီကောင်ကြီးက ခြေထောက်တွေ
မရေမတွက်နိုင်အောင်ရှိနေတာ.. ဘယ်လိုများလမ်းလျှောက်သလဲမသိဘူး.. တော်တော်ထူးဆန်းတာပဲ..
ဒီကင်းခြေများ ဒီခြေထောက်က အရင်လှမ်းဟိုခြေထောက်က နောက်မှလမ်းဆိုပြီး သူ့ခြေထောက်တွေကိုသူ
ဘယ်လိုများထိန်းချုပ်လဲ မသိဘူး” …………………………အဲ့ဒါနဲ့ ဖားက ကင်းခြေများကို သွားပြီး ဒီလိုမေးလိုက်တယ်…“ဒီလောက်များတဲ့ခြေထောက်တွေနဲ့မင်း ဘယ်လိုလမ်းလျှောက်သလဲကွာ..?ငါ သေသေချာချာ စဉ်းစားကြည့်ပြီးပြီ…ဒါ​ပေမယ့်​ဘယ်လိုမှ တွေးမရဘူး…ခြေထောက်တစ်ချောင်းချင်းစီကိုထိန်းချုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပဲ”ကင်း​ခြေများက“ငါလည်း မွေးကတည်းက ဒီလိုပဲ လျှောက်လာခဲ့တာ…
ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါမှ မတွေးဖူးပါဘူး…ဘာပဲဖြစ်ဖြစ်မေး လာပြီ ဆိုတော့လည်း အဖြေရှာရမှာပေါ့…
နေဦး ငါစဉ်းစားကြည့်လိုက်ဦးမယ်”လို့ ဆိုပြီးတစ်အောင့်လောက်ရပ်ပြီး တွေးကြည့်နေမိတယ်​တဲ့… ……………………………အဲ့ဒီအတွေးမျိုးဟာ ကင်းခြေများအတွက်ပထမဆုံးသော အတွေးဖြစ်သလို
ဘယ်ခြေထောက်ကို အရင်ရွေ့ရမလဲ ..ဘယ်ခြေထောက်ကိုကျတော့ နောက်မှရွေ့ရမလဲ ဆိုပြီး ခြေထောက်တွေတစ်ချောင်းခြင်းစီနဲ့ စမ်းစစ်ကြည့်လိုက်တဲ့အခါ
ခြေလှမ်းတွေမှားကုန်ပြီး တည့်တည့်တောင်လျှောက်လို့မရတော့ပဲ ကို့ယို့ကားယားတွေ ဖြစ်ကုန်ရောတဲ့ ……………………………
ဒါနဲ့ ကင်း​ခြေများက ဖားကို” မင်းနောက်တစ်ခါ တခြား ကင်းခြေများတွေကိုဒီလိုမေးခွန်းမျိုး ဘယ်တော့မှ သွားမမေးမိစေနဲ့…နားလည်လား??ငါ့ဘာသာ ဒီပုံစံအတိုင်း လမ်းလျှောက်လာခဲ့တာဘာပြသနာမှမရှိခဲ့ဖူးဘူး…အခုမင်းမေးခွန်းကြောင့်ငါလမ်းလျှောက်ရတာတောင် ခက်​ကုန်ပြီ… ဘယ်ခြေထောက်အရင်စလှမ်းရမှန်းမသိတော့ဘူး ဘယ်လိုလုပ်မလဲ”?ကျွန်တော်တို့ လူတွေလည်း ဒီအတိုင်းနေ နေကြတာအေးချမ်းနေကြပါပြီ…ဒါပေမယ့်​ တခြားလူတွေကသူတို့ပြသနာအသီးသီးတွေ ယူလာပြီးပြောကြတဲ့အခါ ကိုယ်သွားနားထောင်ပြီး သူတို့နဲ့အတူ သွားပြီး စိတ်ရှုပ်စိတ်ညစ်ရရော..
…………………………ဘဝက နေလိုရ စားလိုလောက်ငှနေရင် ဘာမှပူလောင်စရာမရှိပါဘူး.. တခြားလူတွေ ဘဝကောင်းစားနေတာလည်း မြင်ရော…. ဟိုလူကဒီလိုကောင်းစားနေတာ…ဒီလူက ဒီလို စိန်​ရွှေ ရတနာ ပိုက်ဆံတွေ ချမ်းသာတာ…အိမ်ရှိတာ …ကားရှိတာ…ရည်းစားချော ချောလေးရှိတာဆိုတာတွေလည်း မြင်ရော ကိုယ့်ဘာသာကိုယ် လျှောက်ပြီးတွေးတော့နောက်ဆုံးမှာ သောကတွေက ကိုယ့်စိတ်ကိုကူးစက်ပူလောင်စေတော့တာပါပဲ…ဘယ်သူဘာပြောပြော ကိုယ့်လမ်းကိုယ်မှန်မှန်လေးလျှေက်လှမ်းသွားပါ…
သူများပြောစကားတွေနဲ့ လမ်းမှားမရောက်ပါစေနဲ့… မတွေဝေပါနဲ့ …….

ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိပါတယ်  ဖားတစ်ကောင်ဟာ ကင်းခြေများတစ်ကောင် လမ်းလျှောက်လာတာကိုမြင်တော့ ဒီလိုစဉ်းစားမိပါတယ် Reviewed by ကဲကဲလေး on 8:04 AM Rating: 5

No comments

Recent Posts