ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို သမ္မတက



ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို သမ္မတက အမည်စာရင်းတင်သွင်းလစ်လပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နေရာမှာ အစားထိုးခန့်အပ်ဖို့ ဦးလှမိုးအောင်ကို နိုင်ငံတော်သမ္မတက အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ဒီအမည်စာရင်းတင်သွင်းမှုကို လွှတ်တော်အစည်းအဝေး နာရီဝက်နားပြီး (၁၀)နာရီခွဲမှာ လွှတ်တော်ရဲ့အဆုံးအဖြ

တ်ရယူမှာဖြစ်ပါတယ်။ဇန်န၀ါရီလ (၁၈)ရက်(ဒီနေ့)မှာ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းလိုက်တာပါ။ ဦးလှမိုးအောင်ဟာ လက်ရှိမှာ တိုင်းဒေသကြီးလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတရေးရာကော်မတီ အတွင်းရေးမှူး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကော်မတီ အဖွဲ့ဝင် အဖြစ်

တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။ဦးလှမိုးအောင်ဟာ (၂၀၁၅)ရွေးကောက်ပွဲမှာ မြန်အောင်မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၁)အဖြစ် ရွေးကောက်တင်မြောက်ခံထားရသူဖြစ်ပါတယ်။
5 PLUS NEWS
ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို သမ္မတက ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် ဦးလှမိုးအောင်ကို သမ္မတက Reviewed by ကဲကဲလေး on 2:40 AM Rating: 5

No comments

Recent Posts