သတိ အရေးကြီးသတင်း.....သင့် အိမ်မှာ ဒီလိုအဖွဲ့တွေ လာရင်
သတိ အရေးကြီးသတင်း.....သင့် အိမ်မှာ ဒီလိုအဖွဲ့တွေ လာရင် လုံးဝ တံခါး ဖွင့်မပေးပါနဲ့ –အများသူငါတွေ မခံရအောင် မျှဝေလိုက်ပါတယ်။မလိမ့်တပတ်…… အိမ်သာအနံ့ဆိုးတွေ မရအောင်ဆေးဖြန်းပေးတာပါတဲ့အင်္ကျီအဖြူ,လုံချည်နက်ပြာဝတ်မိန်းကလေး(၃)ယောက်, အင်္ကျီအဖြူအနက်ရောင်ယောပုဆိုးဝတ် ယောက်ျားလေးတစ်ယောက်ပါတဲ့အဖွဲ့ကို, ရပ်ကွက်ထဲမှ,ရပ်ကွက်ဘာသာရေး, လူမှုရေးအကျိုးဆောင်အမျိုးသမီးတစ်ဦးက,အိမ်တံခါးခေါက်ခေါ်ပေးလာပါတယ်။အမျိုးသားကအိမ်တံခါးဖွင့်ပေးပြီး,ကျမကအိမ်သာဆေးရည်နဲ့,အမြဲဆေးကြောင်း,အိမ်သာတံခါးဖွင့်ပေးပြီး, ထောင်ထားတဲ့ဆေးဗူးများ ကို ပြလိုက်ပါတယ်။
ကျမက,ကျန်းမာရေးဋ္ဌာနမှစီမံချက်နဲ့, ဆေးလာဖြန်းတယ်လို့ထင်လိုက်ပါတယ်။
အိမ်သာထဲပိုက်နဲ့ဖြန်းပေးပြီးတော့,အိမ်ရှေ့မှာထိုင်နေတဲ့အပြာဝတ်တွေမှ, အန်တီ့ကိုရှင်းပြ လိမ္မယ်ဆိုလို့ဧည့်ခန်းမှာထိုင်ရာ, အပြာနုရောင်ဆေးထုပ်လေးကိုစားပွဲပေါ်တင်ထားပြီး, ဒီဆေးနဲ့အိမ်သာထဲတစ်ထုပ်လုံးဖောက်ချပေးရင်, အိမ်သာပိုက်လိုင်းအတွင်းပိုင်းပါသန့်စင်၍, ဓါတုပစ္စည်းမပါပဲ, ဇီဝပစ္စည်းဖြင့်ပြုလုပ်ထားလို့ အန္တရာယ်ကင်းကြောင်း, ဖြန့်ဝေတာဖြစ်ကြောင်းပြောပါတယ်။ကျမက, ဒေသန္တရ ကျန်းမာရေးကလား,NGO. အဖွဲ့ကလားလို့ မေးမြန်းရာ,မဟုတ်ပါကြောင်းဖြေဆိုပြီး,ဆေးတစ်ထုပ်ကို,ကျပ်ငွေသုံးထောင်(၃၀၀ဝိ/-)ဖြစ်ကြောင်း,.နှစ်ထပ်ဖြစ်၍ဆေးထုပ်နှစ်ထုပ်ဝယ်ယူလိုက်ပါတယ်။တကယ်တော့,ဆေးလိုက်ရောင်းတဲ့,ဈေးရောင်းအဖွဲ့ဖြစ်နေတာပေါ့နော်။
နောင်ဆို,ရပ်ကွက်ထဲမှာဘယ်သူပဲလာ,လာသာရေး,နာရေး,လူမှုရေး,ဘာပဲဖြစ်ဖြစ်, အိမ်တံခါးကို,မဖွင့်ပေးတော့ဘူးလို.—- အလှူခံများလည်း,စိတ်မဆိုးကြနဲ့နော်။
သတိ အရေးကြီးသတင်း.....သင့် အိမ်မှာ ဒီလိုအဖွဲ့တွေ လာရင်
Reviewed by ကဲကဲလေး
on
11:02 PM
Rating:

No comments