ဘဝမှာ လုပ်သင့်သောအရာများ
ဘဝမှာ လုပ်သင့်သောအရာများ
(1)
အားနာလို့မပြောခဲ့တဲ့ စကားတွေကြောင့် ခံခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း စိတ်ထဲမှာရှိတဲ့အတိုင်း မလုပ်ချင်တဲ့အလုပ် မလုပ်ချင်တဲ့ကိစ္စကို လုံးဝ မလုပ်ချင်တဲ့အခါ သတ္တိရှိရှိ ငြင်းသင့်ပါတယ်။ မလုပ်ချင်တဲ့အလုပ်ကို လုပ်ရင် အဖြေကတော့ ပြောစရာတောင်မလိုပါဘူး။
(2)
မျှော်လင့်ချက်တွေ ပျက်စီးသွားမှာကြောက်လို့ မပြတ်သားပဲ ခွင့်လွှတ်ခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း ကိုယ့်ရဲ့ယုံကြည်ချက်တွေ ဆုံးရှုံးသွားစေမဲ့ နေရာကနေ အမြန်ဆုံးထွက်ခွာနိုင်အောင် ကြိုးစားပါ။ မကောင်းတဲ့နေရာမှာ ရှိနေလို့လဲ ဘာမှထူးလာမှာ မဟုတ်ပါဘူး။
(3)
အရင်က အမှားတွေကို နောင်တရရင်း အိပ်မပျော်တဲ့ ညပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း အတိတ်မှာဖြစ်ခဲ့တဲ့ ကိစ္စကို အတိတ်မှာထားခဲ့ပါ။ အတိတ်အကြောင်းတွေကို အတွေးလွန်ရင် မျက်စိရှေ့မှာရှိတဲ့ အခွင့်အရေးကို လက်လွတ်သွားနိုင်ပါတယ်။ ဖြစ်ပြီးသွားတဲ့ ကိစ္စတွေ ပြန်းတွေးနေလို့လည်း စိတ်သောကတွေပဲ ကိုယ့်ကိုပူလောင်စေပြီး ဘာမှထူးခြားလာမှာ မဟုတ်ပါဘူး။
(4)
ငွေကြေးချွေတာခဲ့လို့ ပိုက်ဆံထက် တန်းဖိုးရှိတဲ့အရာတွေ ဆုံးရှုံးခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း ကိုယ်အရမ်းသွားချင်တဲ့ နေရာဒေသတွေကို မိသားစု၊ သူငယ်ချင်း ဒါမှမဟုတ် တစ်ယောက်တည်း ခရီးသွားပါ။ ဘဝရဲ့ အရသာကို ကောင်းကောင်းသိပါလိမ့်မယ်။
(5)
မလိုအပ်တဲ့သတင်းတွေ၊ ဖုန်းတွေကြောင့် အလကား အချိန်နဲ့ငွေ ကုန်ခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း အချစ်ဆုံးသူငယ်ချင်းနဲ့တွေ့ပြီး ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် ပြောချင်ရာပြောပြီး ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နေလိုက်ပါ။ ဒါမှမဟုတ် အလုပ်ပိတ်ရက်တွေမှာ ဖုန်းပိတ်ပြီး နားအေးပါးအေး အနားယူပါ။
(6)
အလုပ်တွေ အရမ်းဦးစားပေးခဲ့လို့ နွေးထွေးတဲ့ အကြင်နာယုယမှုတွေ ပျောက်ဆုံးခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း မနက်စောစောထပြီး တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသုံးပြုပြီး ကိုယ်လုပ်ချင်ရာကို လုပ်ပါ။ ကိုယ့်ရဲ့အရေးကြီးသူအတွက်လည်း အချိန်လေးကို တစ်နေ့နည်းနည်းပေးပါ။ မိသားစုကို ကျေးဇူးတင်စကား ပြောဖူးလား? ပြောရမှာ ရှက်ပေမယ့် မအားတဲ့ အချိန်တွေမှာတောင် တတ်နိုင်သလောက်ပြောနိုင်အောင် ကြိုးစားပါ။
(7)
ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ရွေးချယ်ခဲ့လို့ ဆန္ဒတွေ မျိုသိပ်ခဲ့ရပေါင်းလည်း မနည်းတော့ပါ။
တစ်ခါတစ်လေတော့လည်း များတယ်၊ နည်းတယ်၊ ကြီးတယ်၊ သေးတယ် ထည့်မတွက်ပဲ ကိုယ်လုပ်ချင်တယ်လို့ တွေးထားတဲ့ အရာတွေကို စွန့်စားပြီးလုပ်ကြည့်ပါ။ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်းထက် အတွေ့အကြုံကောင်းတွေ အများကြီးရနိုင်ပါတယ်။
ဘဝဆိုတာ မလုပ်သင့်တာတွေကို လုပ်ရင် လုပ်သင့်တာတွေ မလုပ်ဖြစ်တော့ဘူး။ ဒီလိုပဲ လုပ်သင့်တာတွေကို လုပ်နေရင် မလုပ်သင့်တာတွေကို မလုပ်ဖြစ်တော့ပါ
ဘဝမှာ လုပ်သင့်သောအရာများ
Reviewed by ကဲကဲလေး
on
7:41 AM
Rating:

No comments