အနှစ်(၂၀)ကျော်က ပြန်ပေးဆွဲခံရတဲ့ သားအရင်းဖြစ်သူနဲ့ြ
အနှစ်(၂၀)ကျော်က ပြန်ပေးဆွဲခံရတဲ့ သားအရင်းဖြစ်သူနဲ့ ပြန်ဆုံနိုင်ခဲ့တဲ့ မွေးမိခင်
လက်ရှိအချိန်မှာ အသက်(၂၂)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ Steve ဟာ အမေရိကန် ကယ်လီဖိုးနီးယား ဇာတိဖွားတစ်ယောက် ဖြစ်ပါတယ်။ သူ အသက်(၁)နှစ် မပြည့်တပြည့် အချိန်မှာ ပြန်ပေးသမားတွေလက်ထဲကို ရောက်ခဲ့ရပါတယ်။ ထိုစဉ်က (၁၉၉၅)ခုနှစ်ဖြစ်ပြီး မိခင် Maria Mancia ဟာ အိမ်ပြန်ရောက်ချိန်မှာ ကလေးကို မတွေ့ရလို့ အလွန်ဝမ်းနည်းခဲ့ရပါတယ်။
ဒါပေမယ့် မကြာမီမှာပဲ Steve ကို သူ့ဖခင်က ခိုးယူသွားတာဖြစ်ပြီး၊ သူနဲ့အတူ သန်းခေါင်စာရင်း၊ အထောက်အထားစာရွက်တွေ၊ ဓာတ်ပုံတွေနဲ့ တစ်ခြားငွေကြေးအချို့ ပါဝင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ သူမရဲ့သား Steve ကို တွေ့ခွင့်မရတော့ပါဘူး။ Maria မှာ ကလေးဓာတ်ပုံတစ်ပုံကလွဲရင် ကျန်တာ ဘာမှ မရလိုက်ပါ။ဒီလိုနဲ့ သူမနဲ့အတူ ဆွေမျိုးသားချင်းတွေက လူမမယ်လေး Steve ကို တွေ့ဖို့ လက်လှမ်းမီသလောက် ရှာဖွေခဲ့ကြပါတယ်။ (၂၀၁၂)ခုနှစ်မှာတော့ Maria ဟာ ကလေးဓာတ်ပုံကို ယူပြီး San Bernardino County မှာ တည်ရှိတဲ့ Attorney’s Child Abduction Unit (ACAU) ကို သွားရောက် အကူအညီတောင်းခံခဲ့ပါတယ်။
အဆိုပါဌာနက ကလေးဓာတ်ပုံကို ယူထားလိုက်ပြီး သူတို့နဲ့ချိတ်ဆက်ထားတဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး လှုပ်ရှားပေးခဲ့ပါတယ်။ အချိန်တစ်နှစ်ကျော် ကြာသည်အထိ ဘာမှထူးခြားမှု မရှိခဲ့သေးပါဘူး။ Maria ဟာ အချိန်နှစ်ပေါင်း (၁၈)နှစ် (၁၉)နှစ်တောင် ဒီလိုဘာမှမထူးတဲ့အခြေအနေနဲ့ ကျော်ဖြတ်လာခဲ့သူမို့ စိတ်ရှည်ရှည်နဲ့ ထပ်စောင့်ပါတယ်။ဒါပေမယ့် နောက်ထက် နှစ်ဝက်လောက် အကြာမှာ ကလေးကို ခေါ်ယူသွားတဲ့ Hernandez မက္ကဆီကိုနိုင်ငံ၊ Puebla မှာ နေထိုင်ခဲ့တယ်လို့ သတင်းရခဲ့ပါတယ်။ ဒါနဲ့ (ACAU) အဖွဲ့ဟာ သဲလွန်စတွေ ဆက်တိုက်ဖော်ထုတ်ပြီး Maria ရဲ့အဖြစ်နဲ့ ဆက်စပ်မှုရှိနေတာတွေကို သိရှိခဲ့ရပါတယ်။ ဒီလိုနဲ့ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်တဲ့အခါ Steve ဟာ Maria ရဲ့ သားလို့ ယူဆရမယ့်အချက်တွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ DNA စစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်တဲ့အခါမှာတော့ Maria နဲ့ Steve တို့ဟာ သားအမိဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ယင်းနောက် သားအမိနှစ်ယောက် ပြန်လည်တွေ့ဆုံပွဲကို ဆင်နွှဲခဲ့ကြပြီ၊း၊ နှစ်ယောက်သား ငိုကြိးချက်မနဲ့ ပြေးဖက်ခဲ့ကြတာ အခြားသူတွေအတွက်လည်း မုဒိတာပွား သနားစရာပါ။Steve ရဲ့ ပြောပြချက်အရ ဖခင်ဖြစ်သူ Valentin Hernandez ဟာ သူ့ကို မက္ကဆီကိုကို ခိုးယူသွားခဲ့ကြောင်း၊ ဒါပေမယ့် သုံးလေးနှစ်အရွယ်မှာပင် ပစ်ထားခဲ့ပြီး၊ ရဲတပ်ဖွဲ့က ပြန်ပေးဆွဲမှုနဲ့လိုက်ဖမ်းနေတာကို ရှောင်တိမ်းခဲ့ကြောင်း၊ မကြာမီမှာ သေပြီ-ဆိုပြီး သတင်းလွှင့်ခဲ့ပေမယ့် ရဲက သူဟာ အသက်ဆက်ရှင်နေဆဲလို့ ယုံကြည်နေကြောင်း ဆိုပါတယ်။ အခုအချိန်ထိ Hernandez ဟာ ဒေါ်လာ (၇၅၀၀၀၀)တန်ကြေးရှိ ဝရမ်းထုတ်ခြင်းခံထားရတဲ့ ရာဇဝတ်ပြေးတစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။Credit to နတ်စည်တော် (Shwemom)
source : viral4real.com
အနှစ်(၂၀)ကျော်က ပြန်ပေးဆွဲခံရတဲ့ သားအရင်းဖြစ်သူနဲ့ြ
Reviewed by ကဲကဲလေး
on
11:04 PM
Rating:

No comments