မင်္ဂလာမဆောင်မီ လက်ဖွဲ့ကိစ္စစကားများရာမှ သတို့သားလောင်းက သတို့သမီးေ
မင်္ဂလာမဆောင်မီ လက်ဖွဲ့ကိစ္စစကားများရာမှ သတို့သားလောင်းက သတို့သမီး လောင်းအား ဓါးမဖြင့်ခုတ်သတ်ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်သလင်းမြို့နယ်တွင် မင်္ဂလာမဆောင်မီ လက်ဖွဲ့ကိစ္စအကြောင်း ပြောရင်းစကားများရာမှသတို့သားလောင်းမှ သတို့သမီးလောင်းအား ဓါးမဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၃)ရက်နေ့ မွန်းလွှဲ (၃) နာရီအချိန်တွင် လှေကြပ်ကုန်းကျေးရွာအုပ်စုရွာမရွာတွင် နေထိုင်သည့်ကိုနေလင်းဦး (၂၁)နှစ် သည် ၎င်းနှင့်စေ့စပ်ထားသည့် မကြာမီမင်္ဂလာဆောင်မည့် သတို့သမီးလောင်းမအေးအေးနိုင်(ခ)အေးနုနိုင်(ဘ)ဦးမြင့်စိုး (၂၀) နှစ်ဝန်းကျင်ခန့်အား မင်္ဂလာဆောင် လက်ဖွဲ့ကိစ္စနှင့်ပတ်သက်၍လုပ်ကိုင်စားသောက်ရန် ငြင်းခုံစကားများရာမှ စိတ်မထိန်းနိုင်ဘဲ ဓါးမဖြင့်ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း
တာပွန်နယ်မြေရဲစခန်းမှ သိရသည်“သူတို့ကမင်္ဂလာဆောင်ရသေးဘူး။ တောင်းရမ်းစေ့စပ်ထားပြီးလို့ မအေးအေးနိုင်က ကိုနေလင်းဦးတို့အိမ်မှာ လာနေတာ။အခုလိုဖြစ်ရတဲ့အကြောင်းရင်း အဓိကကတော့ မင်္ဂလာလက်ဖွဲ့အတွက် ရှေ့ဆက်ဘယ်လိုလုပ်ကိုင်ရင်းနှီးရှာဖွေစားသောက်မလဲဆိုပြီး စကားများ ငြင်းခုံရာကနေစိတ်မထိန်းနိုင်လို့ လူသတ်မှုဖြစ်သွားရတာပါ” ဟုတာပွန်နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီလ(၅)ရက် နေ့ခင်း(၁၂)နာရီတွင် အကန်သိသတင်းဌာနသို့ ပြောသည်။ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တာပွန်နယ်မြေရဲစခန်းတွင် ကိုနေလင်းဦး(ဘ)ဦးသံချောင်း(၂၁)နှစ်အား ရာဇသတ်ကြီးပုဒ်မ -၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။ဓါတ်ပုံ-Myanmaalinn
မင်္ဂလာမဆောင်မီ လက်ဖွဲ့ကိစ္စစကားများရာမှ သတို့သားလောင်းက သတို့သမီးေ
Reviewed by ကဲကဲလေး
on
8:49 PM
Rating:

No comments