ဖိုးချစ်တည်ထောင်တဲ့အသင်းဆိုပြီးမဖြစ်စေချင်ဘူး
ဖိုးချစ်တည်ထောင်တဲ့အသင်းဆိုပြီးမဖြစ်စေချင်ဘူး စစ်ကိုင်းတိုင်းရဲ့ အသင်းဖြစ်စေချင်တယ်´
ဇာတ်သဘင်လောကမှာ ထိပ်တန်းဇာတ်မင်းသားတဥိးဖြစ်တဲ့ ဖိုးချစ် ဟာ ဘောလုံးဝါသနာအလွန်ကြီးသူတယောက်ဖြစ်ပါတယ်။သူဟာ မဟာယူနိုက်တက် ဘောလုံးအသင်းကိုတည်ထောင်ခဲ့ပြီးတော့ ယခုအချိန်မှာတော့ စစ်ကိုင်းတိုင်းကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းအဖြစ် နာမည်ပြောင်းပြိး ပါဝင်ယှဉ်ပြိုင်နေပါပြီ။
တစ်နှစ်ကိုသိန်းငါးထောင်လောက်အသုံးပြုရတဲ့နေရှင်နယ်လိဂ်အသင်းတစ်သင်းကိုဆက်လက်ရပ်တည်ဖို့
ရပ်တည်ဖို့ကြိုးစားရတာသူ့အတွက်အတော်မလွယ်ဘူးလို့ဖိုးချစ်ကပြောပါတယ်။
ဒါပေမယ့်သူ့အနေနဲ့အသင်းကိုရေရှည်တည်တံ့အောင်ကြိုးစားရုန်းကန်သွားမယ်လို့ကတိပေးခဲ့ပါတယ်။နောက်ပြီးသူ့အနေနဲ့ထပ်ပြောချင်တာစစ်ကိုင်းယူနိုက်တက်အသင်းကိုဖိုးချစ်ထောင်တဲ့ အသင်းဆိုပြီးမဖြစ်စေချင်ဘူး။ စစ်ကိုင်းတိုင်းရဲ့အသင်းဖြစ်စေချင်တယ်။အားလုံးပါဝင်တဲ့အသင်းဖြစ်ချင်ပါတယ်တဲ့။
ဖိုးချစ်ကိုယ်တိုင်ကလည်း စစ်ကိုင်းတိုင်း ကန့်ဘလူ သားတယောက်ဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းရဲ့ ကိုယ်စားပြုအသင်းကိုတည်ထောင်နိုင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့အသင်းတွေ ကြာထဲမှာ ရုန်းကန်ရတော့မယ့် စစ်ကိုင်းယူနိုက်တက်အသင်းကို အားပေးကြရအောင်လား ပရိသတ်ကြီးတို့………
ဖိုးချစ်တည်ထောင်တဲ့အသင်းဆိုပြီးမဖြစ်စေချင်ဘူး
Reviewed by ကဲကဲလေး
on
6:45 PM
Rating:

No comments