ချမ်းချမ်းကို စကိုင်းနက်အစီအစဉ်ကနေ တိုက်ရိုက်ဖုန်းဆက်ပြီး စပရိုက်လုပ်ခဲ့တဲ့ ဘုဏ်းသိုက်



သရုပ်ဆောင် ဘုဏ်းသိုက်ကတော့ ကွဲကွာနေတဲ့ ဇနီးဖြစ်သူ ချမ်းချမ်းကို စကိုင်းနက်ကနေ တိုက်ရိုက်လွှင်နေချိန်မှာ စပရိုက် ဝင်လုပ်ခဲ့ပါတယ်။ဒီနေ့ (ဇန်နဝါရီလ ၉ ရက်)ည ပိုင်းက ပြုလုပ်ခဲ့တဲ့ ချမ်းချမ်းရဲ့ ပရိတ်သတ်နဲ့ တိုက်ရိုက်အမေးအဖြေ အစီအစဉ်တစ်ခုမှာ မထင်မှတ်ပဲ ဘုဏ်းသိုက်က ဖုန်းဆက်ပြီး စပရိုက်လုပ်လာတာ ဖြစ်ပါတယ် ပရိတ်သတ်တစ်ဦးရဲ့ ဖုန်းလို့ ထင်ပြီး စောင့်မျှော်နေချိန်မှာ “အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော်ဘုဏ်းသိုက်” လို့ ပြောလိုက်တဲ့အချိန်မှာတော့ ချမ်းချမ်းတစ်ယောက် ပြုံးလာတာ တွေ့ရပါတယ်။ဘုဏ်းသိုက်က ချမ်းချမ်းရဲ့ အစဉ်အစီမှာ ခုလိုစပရိုက်လုပ်ရတာကိုလည်း ရင်ခုန်ကြောင်နဲ့ သူတို့မိသားစုလေးရဲ့ အမှတ်တရလေးတွေကို ဝင်ပြောသွားတာ ဖြစ်ပါတယ်။ တခြား အင်တာဗျူးတစ်ခုမှာလည်း ချမ်းချမ်းနဲ့ အဆက်အသွယ်ရှိနေကြာင်း၊ ကောင်းသော အဆုံးသတ်ဖြစ်လာဖို့ မျှော်လင့်ကြောင်း ဘုဏ်းသိုက်က ပြောထားသည်။ဘုဏ်းသိုက်ဖုန်းချသွားပြီး ချမ်းချမ်းကို စကားပြန်ပြောပေးဖို့ ပြောရာမှာတာ့ သူမက ဘာမှမပြောပဲ ငြင်းဆန်ခဲ့ပါတယ်။ ကွာရှင်းလိုက်ရတာလည်း ဘုဏ်းသိုက်က သူ့ဆီကို အာရုံပြန်လာအောင် လုပ်ရတာလို့ ဆိုပါတယ်။ ဒီလိုနည်းပဲ ရှိတော့တာကြောင့်လို့ ဆိုပါတယ်။ မိသားစုကို ပြန်တည်ဆောက်ချင်တယ်ဆိုရင် သူပြန်လာမယ်လို့ ချမ်းချမ်းက (ငိုရင်းနဲ့) ပြောခဲ့ပါတယ်။Share from PannPwint
ချမ်းချမ်းကို စကိုင်းနက်အစီအစဉ်ကနေ တိုက်ရိုက်ဖုန်းဆက်ပြီး စပရိုက်လုပ်ခဲ့တဲ့ ဘုဏ်းသိုက် ချမ်းချမ်းကို စကိုင်းနက်အစီအစဉ်ကနေ တိုက်ရိုက်ဖုန်းဆက်ပြီး စပရိုက်လုပ်ခဲ့တဲ့ ဘုဏ်းသိုက် Reviewed by ကဲကဲလေး on 8:28 AM Rating: 5

No comments

Recent Posts